■ ရန်ကုန်မြို့ ဆူးလေဘုရားလမ်းဘက်ခြမ်း မြို့တော်ခန်းမရှေ့ဝင်ပေါက်အနီး ပေါက်ကွဲမှုဖြစ်ပွား

■ ရန်ကုန်မြို့ ဆူးလေဘုရားလမ်းဘက်ခြမ်း မြို့တော်ခန်းမရှေ့ဝင်ပေါက်အနီး ပေါက်ကွဲမှုဖြစ်ပွား
Published 16 September 2025

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်ရှိ ရန်ကုန် မြို့တော်ခန်းမအပြင်ဘက်တွင် ယနေ့(စက်တင်ဘာ ၁၆ ရက်) နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါပေါက်ကွဲမှုမှာ  ယနေ့(စက်တင်ဘာ ၁၆ ရက်) နံနက် ၆ နာရီ ၄၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြို့တော်ခန်းမအပြင်ဘက် ဆူးလေဘုရားလမ်းဘက်ခြမ်း ဝင်ပေါက်တွင်  ကာရံထားသည့် ဘယ်ရီဂိတ်အောက်၌ ပေါက်ကွဲခြင်းဖြစ်ကြောင်းသိရသည်။

ပေါက်ကွဲမှုက မြို့တော်ခန်းမ ဆူးလေဘုရားဘက် ဝင်ပေါက်နား ပေါက်တာ။ လူထိခိုက်မှုမရှိဘူး။ လမ်းပိတ်တာတွေ အသွားအလာကန့်သတ်တာတွေမရှိပါဘူး။ ပြန်ဖွင့်ထားတယ်” ဟု မြို့တော်ခန်းမအနီးနေထိုင်သူတစ်ဦးက ​​ပြောကြားသည်။

ယင်းပေါက်ကွဲမှာအား  Freeland Attack Force ( FLA ) အမည်ရှိ အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း exile media အချို့တွင် ဖော်ပြထားသည် တွေ့ရသည်။

၂၀၂၂ ခုနှစ် ဇူလိုင် ၃၀ ရက်ကလည်း ရန်ကုန်မြို့တော်ခန်းမနောက်ကျော စည်ပင်လမ်းရှိ ခန်းမ အဝင်အထွက် ပြုလုပ်သည့် ဂိတ်ပေါက်အနီးတွင်  လူနှစ်ဦးက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်သဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီး လုံခြုံရေးဂိတ်ပေါက်ရှိ တပ်ဖွဲ့ဝင် သုံးဦး၊ စည်ပင်ဝန်ထမ်းတစ်ဦးနှင့်  လမ်းလျှောက်လာသူ အမျိုးသမီးတစ်ဦး စုစုပေါင်း ငါးဦး ဗုံးစထိမှန် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလားတူ ၂၀၂၁ ခုနှစ် ဇွန် ၄ ရက်ကလည်း ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံအနီးတွင် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့သေးသည်။

Most Read

Most Recent