■ ဆွီဒင်ကျန်းမာရေးဝန်ကြီး အလုပ်စဝင်သည့်နေ့တွင် စင်ပေါ်၌ မူးလဲကျ

■ ဆွီဒင်ကျန်းမာရေးဝန်ကြီး အလုပ်စဝင်သည့်နေ့တွင် စင်ပေါ်၌ မူးလဲကျ
Published 10 September 2025

ဆွီဒင်ကျန်းမာရေးဝန်ကြီးအဖြစ် အသစ်ခန့်အပ်လိုက်သည့် အဲလိဇဘတ်လန်းသည် အလုပ်စဝင်သည့်နေ့ စက်တင်ဘာ ၉ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် စင်ပေါ်၌ မူးလဲကျသွားသည်။

သတင်းစာရှင်းလင်းပွဲတွင် ဆွီဒင်ဝန်ကြီးချုပ် ခရစ္စတာဆန်နှင့် အခြားအရာရှိများလည်း ရှိနေခဲ့သည်။ ယခင်ကျန်းမာရေးဝန်ကြီး ရုတ်တရက်နုတ်ထွက်သွားပြီးနောက်  ထိုနေရာကို အဲလိဇဘတ်လန်းက ခန့်အပ်ခံရပြီး  စင်ပေါ်တွင် ၎င်းလဲကျသွားစဉ် ဒုတိယဝန်ကြီးချုပ် အက်ဘာဘက်ရှ်က ရေသောက်နေချိန်ဖြစ်သည်။

ထို့နောက် မှောက်လျက်သားမေ့နေသည့် ကျန်းမာရေးဝန်ကြီးကို ဒုတိယဝန်ကြီးချုပ် အပါအဝင် အခြားအရာရှိများနှင့် ဂျာနယ်လစ်များကပါ ဝင်ကူညီကြသည်။ 

နောက်ပိုင်းတွင် အခန်းထဲမှ ၎င်းထွက်သွားပြီး သိပ်မကြာမီ ပြန်လည်ရောက်လာကာ သွေးတွင်းသကြားဓာတ်ကျနေခြင်းကြောင့် မူးလဲခဲ့ခြင်းဖြစ်သည်ဟု ရှင်းပြခဲ့သည်။ သတင်းစာရှင်းလင်းပွဲကိုမူ ဖျက်သိမ်းလိုက်ရသည်။

 Ref & Photos: New York Post

 

Most Read

Most Recent