(၁၄)နှစ်အရွယ် အကယ်ဒမီကစားသမား ဂျေဂျေဂါဘရီယဲလ်ကို အသင်းကြီးနဲ့အတူ အာမိုရင်မ် လေ့ကျင့်ခွင့်ပြု

(၁၄)နှစ်အရွယ် အကယ်ဒမီကစားသမား ဂျေဂျေဂါဘရီယဲလ်ကို အသင်းကြီးနဲ့အတူ အာမိုရင်မ် လေ့ကျင့်ခွင့်ပြု
Photo: X
Photo: X
Published 22 August 2025

မန်ယူနည်းပြ အာမိုရင်မ်ဟာ အသက်(၁၄)နှစ်သာရှိသေးတဲ့ အကယ်ဒမီကစားသမား ဂျေဂျေဂါဘရီယဲလ်ကို အသင်းကြီးနဲ့အတူ လေ့ကျင့်ခွင့်ပြုလိုက်ကြောင်း သိရပါတယ်။

ဂျေဂျေဂါဘရီယဲလ်ဟာ အိုင်ယာလန်လက်ရွေးစင်နောက်ခံလူဟောင်း ဂျိုအိုစီယာရူအီရဲ့ သားဖြစ်ပြီး လက်ရှိအချိန်မှာ မန်ယူ ယူ-၁၈ အသင်းမှာ ကစားနေသူ ဖြစ်ပါတယ်။

ဂျေဂျေဂါဘရီယဲလ်ဟာ စနေနေ့က အဲဗာတန်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ယူ-၁၈ ပြိုင်ပွဲမှာ မန်ယူ ယူ-၁၈ အသင်းအတွက် စတင်ပွဲထွက်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် အာမိုရင်မ်က အသင်းကြီးနဲ့အတူ လာရောက်လေ့ကျင့်ဖို့ ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် မန်ယူအသင်းဟာ ဂျေဂျေဂါဘရီယဲလ်ကို မန်ယူ - အာဆင်နယ်ပွဲမှာ ကနေ ကြည့်ရှုခွင့်ပေးခဲ့ကြောင်းလည်း သိရပါတယ်။

အာမိုရင်မ်က ဂျေဂျေဂါဘရီယဲလ်ရဲ့ ခြေစွမ်းခြေစကို အနီးကပ်စောင့်ကြည့်လိုတာကြောင့် အသင်းကြီးနဲ့အတူ လေ့ကျင့်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

Most Read

Most Recent