ခရစ္စတယ်ပဲလေ့စ်အသင်းက အင်္ဂလန်ကွင်းလယ်ကစားသမား အဒမ်ဝှာတန်ကို ခေါ်ယူဖို့ ရီးယဲလ်မက်ဒရစ်အပါအဝင် ကလပ်အသင်း(၅)သင်းက အပြိုင်ကြိုးပမ်းနေကြောင်း သိရပါတယ်။
အသက်(၂၁)နှစ်သာရှိသေးတဲ့ အဒမ်ဝှာတန်ဟာ ၂၀၂၄ ဖေဖော်ဝါရီမှာမှ ဘလက်ဘန်းကနေ ခရစ္စတယ်ပဲလေ့စ်ကို ရောက်ရှိခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာတော့ ပေါင်ခြံဒဏ်ရာကြောင့် (၃)လလောက် နားခဲ့ရပါတယ်။
ဒါပေမဲ့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးလူငယ်တွေထဲက တစ်ဦးအဖြစ် အကဲဖြတ်ခံထားရတာကြောင့် ထိပ်သီးအသင်းတွေက ခေါ်ယူဖို့ ကြိုးပမ်းနေကြတာဖြစ်ပြီး ရီးယဲလ်၊ မန်ယူ၊ မန်စီးတီး၊ အာဆင်နယ်နဲ့ စပါးတို့ဖြစ်ကြောင်း သိရပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းက ဝှာတန်ကို ခေါ်ယူချိန်မှာ ကနဦးပြောင်းရွှေ့ကြေး ပေါင်(၁၈)သန်းသာ သုံးစွဲခဲ့ရပေမဲ့ လက်ရှိအချိန်မှာတော့ ပေါင်သန်း(၁၀၀)ရရှိဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။
ရီးယဲလ်အသင်းက ဝှာတန်ကို မိုဒရစ်နေရာမှာ ရေရှည်အစားထိုးနိုင်မယ့် ကစားသမားအဖြစ် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။















