PSG အသင်းကို မကိုင်တွယ်ခင်က စပါးအသင်းနဲ့ ဆွေးနွေးခဲ့ဖူးကြောင်း အန်နရီကေး ဝန်ခံ

PSG အသင်းကို မကိုင်တွယ်ခင်က စပါးအသင်းနဲ့ ဆွေးနွေးခဲ့ဖူးကြောင်း အန်နရီကေး ဝန်ခံ
Photo: X
Photo: X
Published 13 August 2025

PSG အသင်းနည်းပြ အန်နရီကေးက လက်ရှိအသင်းကို မကိုင်တွယ်ခင်မှာ စပါးအသင်းနဲ့ ဆွေးနွေးခဲ့ဖူးတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

PSG အသင်းဟာ ဒီနေ့ညမှာ စပါးအသင်းနဲ့ ဥရောပစူပါဖလားပွဲ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အဲဒီပွဲအတွက် မေးမြန်းရာမှာ အန်နရီကေးက ဝန်ခံခဲ့တာဖြစ်ပါတယ်။

ရိုးမား၊ ဆယ်လ်တာဗီဂို၊ ဘာစီလိုနာနဲ့ စပိန်လက်ရွေးစင်အသင်းတွေကို ကိုင်တွယ်ခဲ့တဲ့ အန်နရီကေးဟာ ၂၀၂၂ ခုနှစ်မှာ စပိန်အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် PSG အသင်းကို မကိုင်တွယ်စဉ် ကမ်းလှမ်းခဲ့တဲ့အသင်းတွေထဲမှာ စပါးလည်း ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

'' ကျွန်တော် PSG အသင်းကို မရောက်ခင် (၆)လလောက်အတွင်း ဆွေးနွေးခဲ့တဲ့ အသင်းတချို့ရှိခဲ့ပြီး အဲဒီထဲမှာ စပါးက တစ်သင်းအပါအဝင် ဖြစ်ခဲ့တာပါ'' လို့ အန်နရီကေးက ပြောကြားခဲ့တာပါ။

စပိန်နည်းပြ အန်နရီကေးဟာ PSG အသင်းကို ၂၀၂၃ ဇူလိုင်လမှာ စတင်ကိုင်တွယ်ခဲ့ပြီး အမှတ်ပေးချန်ပီယံဆုကို နှစ်ရာသီဆက်တိုက်ရယူပေးခဲ့သလို၊ ပြီးခဲ့တဲ့ရာသီမှာတော့ ချန်ပီယံလိဂ်ဖလားကို အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ရယူပေးခဲ့ပါတယ်။

Most Read

Most Recent