အာဂျင်တီးနားနောက်ခံလူ ရိုမဲရိုးကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးလိုက်ကြောင်း စပါးအသင်း ကြေညာ

အာဂျင်တီးနားနောက်ခံလူ ရိုမဲရိုးကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးလိုက်ကြောင်း စပါးအသင်း ကြေညာ
Photo: Spurs
Photo: Spurs
Published 13 August 2025

စပါးအသင်းက အာဂျင်တီးနားနောက်ခံလူ ရိုမဲရိုးကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးလိုက်ကြောင်း ကြေညာခဲ့ပါတယ်။

စပါးအသင်းဟာ အသင်းခေါင်းဆောင် ဆွန်ဟောင်မင် လမ်းခွဲထွက်ခွာသွားတာကြောင့် ရိုမဲရိုးကို ပြောင်းလဲတာဝန်ပေးခဲ့ခြင်းလည်းဖြစ်ပါတယ်။

ရိုမဲရိုးဟာ အရင်က မတ်ဒီဆန်နဲ့အတူ ဒုတိယအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး နည်းပြသစ် သောမတ်စ်ဖရန့်ခ်က ရိုမဲရိုးကို အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့တာပါ။

ရိုမဲရိုးဟာ နောက်ဆုံးဆယ်စုနှစ်အတွင်းမှာ စပါးအသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်ခွင့်ရတဲ့ တတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

'' ရိုမဲရိုးက ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်သွားမှာပါ။ ဒီအတွက် သူ အရမ်းဂုဏ်ယူပြီး အရမ်းပျော်ရွှင်နေပါတယ်။ သူက အသင်းကို ကွင်းအတွင်းမှာ ဦးဆောင်မောင်းနှင်နိုင်စွမ်းရှိသလို၊ ကွင်းအပြင်မှာလည်း အမြဲတမ်းတွန်းအားပေးနေတဲ့သူပါ။ ကျွန်တော် ကစားသမား (၄၊ ၅)ယောက်လောက် ပါဝင်တဲ့ ဦးဆောင်ကစားသမားအဖွဲ့လည်း ဖွဲ့ချင်ပါတယ်။စျေးကွက်ပိတ်ပြီးသွားရင် အဲဒီအဖွဲ့မှာ ပါဝင်သူတွေကို ကျွန်တော် ပြောပြမှာပါ'' လို့ သောမတ်စ်ဖရန့်ခ်က ပြောကြားခဲ့ပါတယ်။

Most Read

Most Recent