အာဆင်နယ်အသင်းဟာ ရန်းစ်အသင်းက ပြင်သစ်ယူ-၂၁ နောက်ခံလူ ဂျရေမီယက်ကေးကို ခေါ်ယူဖို့ ချဉ်းကပ်နေကြောင်း သိရပါတယ်။
ယက်ကေး(၂၀ နှစ်)ဟာ ပြီးခဲ့တဲ့နှစ်မှာမှ ရန်းစ်အသင်းကြီးမှာ ပါဝင်ကစားခွင့်ရရှိလာသူဖြစ်ပြီး ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပါတယ်။
ယက်ကေးဟာ ၂၀၂၂ ခုနှစ်ကစပြီး သက်တမ်းအလိုက်ပြင်သစ်အသင်းတွေမှာ ဆက်တိုက်ရွေးချယ်ခံခဲ့ရပြီး အလားအလာရှိတဲ့ လူငယ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူပါ။
နာမည်ကျော်ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုရဲ့ အဆိုအရ အာဆင်နယ်အသင်းဟာ ယက်ကေးအတွက် ချဉ်းကပ်ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်ပြီး ပိုလန်နောက်ခံလူ ကီဝီယောနေရာ အစားထိုးဖို့ ရည်ရွယ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။
အာဆင်နယ်နည်းပြ အာတီတာက ကီဝီယောကို ရောင်းထုတ်လိုခြင်းမရှိပေမဲ့ အီတလီကို ပြောင်းရွှေ့ဖို့ အလားအလာများနေတယ်လို့ သိရပါတယ်။















