အာဆင်နယ်အသင်းနဲ့ လမ်းခွဲခဲ့တဲ့ ဂါနာလက်ရွေးစင် ကွင်းလယ်ခံစစ်ကစားသမား သောမတ်စ်ပါတေးဟာ ဗီလာရီးယဲလ်အသင်းနဲ့ (၂)နှစ်စာချုပ် ချုပ်ဆိုတော့မယ်လို့ သိရပါတယ်။
ပါတေး(၃၂ နှစ်)ဟာ ပြီးခဲ့တဲ့ ဇွန်လမှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းက သက်တမ်းမတိုးတော့ဖို့ ဆုံးဖြတ်လိုက်တာပါ။
ပါတေးဟာ ပြီးခဲ့တဲ့လပိုင်းအတွင်း မုဒိမ်းမှုတွေနဲ့ စွဲချက်တင်ခံထားရပြီး အင်္ဂါနေ့မှာ ကြားနာစစ်ဆေးမှု ခံယူရမယ်လို့လည်း သိရပါတယ်။
ဒီလိုအခြေအနေတွေ ရှိနေပေမဲ့ ဗီလာရီးယဲလ်အသင်းက ပါတေးကို (၂)နှစ်စာချုပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရယူခဲ့တာဖြစ်ပြီး ဆေးစစ်မှုလည်း အောင်မြင်သွားပြီလို့ သိရပါတယ်။
ပါတေးဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို အက်သလက်တီကိုအသင်းမှာ စတင်ခဲ့သူဖြစ်ပြီး စပိန်မြေကို တစ်ကျော့ပြန်ခြေချခွင့် ရရှိခဲ့တာဖြစ်ပါတယ်။















