ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ပယ်လင်ညာကို အငှားခေါ်ယူဖို့ စပါးအသင်း နီးစပ်နေ

ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ပယ်လင်ညာကို အငှားခေါ်ယူဖို့ စပါးအသင်း နီးစပ်နေ
Photo: X
Photo: X
Published 1 August 2025

စပါးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်း ကွင်းလယ်ခံစစ်ကစားသမား ပယ်လင်ညာကို အငှားစာချုပ်နဲ့ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

ပေါ်တူဂီလက်ရွေးစင်ကစားသမား ပယ်လင်ညာ (၃၀ နှစ်) အတွက် နှစ်ဖက်အသင်းတာဝန်ရှိသူတွေ ဆွေးနွေးမှုဟာ တိုးတက်မှုရှိနေပြီး မူအရ သဘောတူညီမှုရဖို့ နီးစပ်နေပါပြီ။

ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိရေးက ဒီအပြောင်းအရွှေ့အတွက် ပြဿနာမဟုတ်ဘဲ လာမယ့်နှစ် နွေရာသီမှာ ပေါင်သန်း ၃၀ နဲ့ အပြီးသတ်ခေါ်ယူနိုင်မယ့်အချက်လည်း ပါဝင်ဖို့ရှိပါတယ်။

ပယ်လင်ညာဟာ ပရီးမီးယားလိဂ်အတွေ့အကြုံရှိသူဖြစ်ပြီး ဖူလ်ဟမ်အသင်းမှာ ၂၀၂၂-၂၃၊ ၂၀၂၃-၂၄ နှစ်ရာသီအတွင်း ၇၉ ပွဲကစား၊ ၈ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

သူဟာ ပြီးခဲ့တဲ့နှစ် နွေရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းဆီ ပေါင် ၄၂ သန်းနဲ့ ပြောင်းရွှေ့သွားပေမဲ့ ပုံမှန်ပွဲထွက်ခွင့်မရဘဲ ဘွန်ဒစ်လီဂါမှာ ပွဲထွက်ကစားသမားအဖြစ် ၆ ပွဲပဲ ကစားခွင့်ရခဲ့တာကြောင့် အင်္ဂလန်ကိုပြန်လာဖို့ ဆန္ဒရှိနေတာလည်းဖြစ်ပါတယ်။

Most Read

Most Recent