လစာတစ်ဝက်လျှော့ယူပြီး ဒေါ့မွန်မှာ ပြောင်းရွှေ့ကစားဖို့ ဆန်ချို လိုလားနေ

လစာတစ်ဝက်လျှော့ယူပြီး ဒေါ့မွန်မှာ ပြောင်းရွှေ့ကစားဖို့ ဆန်ချို လိုလားနေ
Photo: X
Photo: X
Published 1 August 2025

မန်ယူအသင်းရဲ့ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုဟာ လစာတစ်ဝက်လျှော့ယူပြီး ဒေါ့မွန်အသင်းမှာ ပြောင်းရွှေ့ကစားဖို့ လိုလားနေတယ်လို့ သိရပါတယ်။

ဆန်ချိုကို မန်ယူအသင်းက အရောင်းစာရင်းတင်သွင်းထားပြီး ခေါ်ယူလိုတဲ့အသင်းတွေလည်း ရှိနေပေမဲ့ သူ့ရဲ့ လစာနှုန်းထားက မြင့်မားတာကြောင့် လက်တွန့်နေကြပါတယ်။

ဆန်ချို(၂၅ နှစ်)က မန်ယူအသင်းမှာ တစ်ပတ်လစာ ပေါင်(၂၇၅၀၀၀)ရရှိနေတာပါ။

ဆန်ချိုကတော့ တခြားအသင်းတွေထက် ဒေါ့မွန်အသင်းကို ပြန်လည်ပြောင်းရွှေ့ကစားဖို့  ဆန္ဒရှိနေပြီး လစာတစ်ဝက် လျှော့ယူပေးသွားမယ်လို့ အကြောင်းကြားထားကြောင်း သိရပါတယ်။

မန်ယူအသင်းက ဆန်ချိုကို ၂၀၂၁ ခုနှစ်မှာ ဒေါ့မွန်အသင်းဆီကနေ ပေါင်(၇၃)သန်းနဲ့ ခေါ်ယူခဲ့ရပေမဲ့ လက်ရှိအချိန်မှာတော့ ပေါင်သန်း(၂၀)အောက်နဲ့ ပြန်လည်ရောင်းထုတ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

Most Read

Most Recent