ခရစ္စတယ်ပဲလေ့စ်အသင်းက အင်္ဂလန်ကွင်းလယ်တိုက်စစ်ကစားသမား အက်ဇီရဲ့ လျော်ကြေးစာချုပ်ဟာ ဒီနေ့ သက်တမ်းကုန်မယ်လို့ သိရပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အက်ဇီ(၂၇ နှစ်)ကို ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး ပေါင်(၆၇.၅)သန်းတန် လျော်ကြေးစာချုပ်ထည့်သွင်းချုပ်ဆိုထားပါတယ်။
ဒါပေမဲ့ အဲဒီစာချုပ်ဟာ ရာသီသစ်မစခင် နှစ်ပတ်အလိုဖြစ်တဲ့ သြဂုတ်(၁)ရက်နေ့မှာ သက်တမ်းကုန်တော့မှာဖြစ်တာကြောင့် ခရစ္စတယ်ပဲလေ့စ်အသင်းက အာဆင်နယ်အသင်းနဲ့ အမြန်ဆုံးအရောင်းအဝယ်ဖြစ်မြောက်ဖို့ လိုလားနေတယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်းက အက်ဇီကို စာချုပ်လျော်ကြေးအတိုင်း ပေးချေပြီး ခေါ်ယူမယ်လို့ ကမ်းလှမ်းထားပေမဲ့ ပေါင်(၃၅)သန်းကိုသာ လက်ငင်းပေးချေမှာဖြစ်ပြီး ကျန်တဲ့ ပေါင်(၃၂.၅)သန်းကို အရစ်ကျပေးချေဖို့ ကမ်းလှမ်းထားတာကြောင့် အရောင်းအဝယ်မဖြစ်မြောက်သေးတာလို့ သိရပါတယ်။
လျော်ကြေးစာချုပ်သက်တမ်းကုန်ဆုံးသွားပေမဲ့ အာဆင်နယ်အသင်းက သူတို့ရဲ့ ကမ်းလှမ်းမှုကို နောက်ဆုတ်မှာမဟုတ်ဘဲ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ကိုက်ညီမှုရှိစေရေးအတွက် အရစ်ကျပေးချေနိုင်ဖို့ကသာ အဓိကကျနေကြောင်း သိရပါတယ်။















