ဂျူဗင်တပ်စ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက အငှားနဲ့ ခေါ်ယူခဲ့တဲ့ PSG တိုက်စစ်မှူး မူအာနီကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။
PSG အသင်းဟာ ပြင်သစ်တိုက်စစ်မှူး မူအာနီကို ယူရို(၇၅)သန်း+ Add-ons ကြေး ယူရို(၁၅)သန်းနဲ့ ခေါ်ယူခဲ့ရပေမဲ့ ပထမဆုံးရာသီမှာ အသင်းအတွက် ခြေစွမ်းပြနိုင်ခြင်းမရှိခဲ့ပါဘူး။
၂၀၂၅ ဇန်နဝါရီအပြောင်းအရွှေ့မှာတော့ ဂျူဗင်တပ်စ်ဆီ အငှားချခဲ့ပြီး အခုနွေရာသီမှာ ရောင်းထုတ်ဖို့ စီစဉ်နေတာပါ။
မူအာနီ(၂၆ နှစ်)ကို စပါး၊ မန်ယူနဲ့ နယူးကာဆယ်တို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမဲ့ မူအာနီက အငှားကစားရာမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဂျူဗင်တပ်စ်နဲ့ အပြီးသတ်လက်တွဲဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဂျူဗင်တပ်စ်အသင်းက မူအာနီကို (၅)နှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ကြေးအတွက်တော့ PSG အသင်းနဲ့ ဆက်ဆွေးနွေးရဦးမယ်လို့ သိရပါတယ်။
PSG အသင်းက မူအာနီကို ပြောင်းရွှေ့ကြေး ယူရိုသန်း(၄၀)ဝန်းကျင်နဲ့ ရောင်းထုတ်ဖွယ်ရှိတယ်လို့ သိရပါတယ်။















