ကူကူရယ်လာကို ခေါ်ယူပေးဖို့ အယ်လ်နာဆာအသင်းကို စီရော်နယ်လ်ဒို တောင်းဆိုထား

ကူကူရယ်လာကို ခေါ်ယူပေးဖို့ အယ်လ်နာဆာအသင်းကို စီရော်နယ်လ်ဒို တောင်းဆိုထား
Photo: X
Photo: X
Published 28 July 2025

အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုဟာ ချယ်လ်ဆီးအသင်းက စပိန်နောက်ခံလူ ကူကူရယ်လာကို ခေါ်ယူပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

အယ်လ်နာဆာအသင်းဟာ ဒီနှစ် နွေရာသီအပြောင်းအရွှေ့ကာလမှာ နည်းပြအပြောင်းအလဲပြုလုပ်ထားသလို၊ ထိပ်တန်းကစားသမားတွေ ထပ်မံခေါ်ယူဖို့လည်း စီစဉ်နေပါတယ်။ 

ချယ်လ်ဆီးအသင်းက ပေါ်တူဂီတောင်ပံကစားသမား  ဂျော်အိုဖေးလစ်ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိပြီးတဲ့နောက် စီရော်နယ်လ်ဒိုက ကူကူရယ်လာကို ထပ်ခေါ်ပေးဖို့ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ကူကူရယ်လာ(၂၇ နှစ်)ဟာ ချယ်လ်ဆီးအသင်းကို ရောက်ရှိခါစက ရုန်းကန်ခဲ့ရပေမဲ့ ပြီးခဲ့တဲ့ရာသီိမှာ အသင်းရဲ့ အမာခံကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ချယ်လ်ဆီးအသင်းက ရောင်းထုတ်ဖွယ်မရှိဘူးလို့ သုံးသပ်ခံထားရပါတယ်။

ဒါပေမဲ့ အယ်လ်နာဆာအသင်းကတော့ မက်မောလောက်တဲ့ လစာနှုန်းထားနဲ့ ပြောင်းရွှေ့ကြေးပေးပြီး ကမ်းလှမ်းခဲ့ရင် ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။

Most Read

Most Recent