ဆန်ချိုအတွက် ဂျူဗင်တပ်စ်အသင်းရဲ့ ကမ်းလှမ်းမှုကို မန်ယူ လက်ခံ

ဆန်ချိုအတွက် ဂျူဗင်တပ်စ်အသင်းရဲ့ ကမ်းလှမ်းမှုကို မန်ယူ လက်ခံ
Photo: X
Photo: X
Published 11 July 2025

မန်ယူအသင်းဟာ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုအတွက် ဂျူဗင်တပ်စ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီလို့ သိရပါတယ်။

ဂျူဗင်တပ်စ်အသင်းက ဆန်ချိုကို ယူရို(၂၅)သန်းနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး Add-ons ကြေးအနည်းငယ်တော့ ပါဝင်မယ်လို့ သိရပါတယ်။

မန်ယူအသင်းဟာ ဆန်ချိုကို ဒေါ့မွန်အသင်းဆီက ခေါ်ယူခဲ့တုန်းက ယူရို(၈၅)သန်း ပေးချေခဲ့ရပေမဲ့ (၄)နှစ်အကြာမှာတော့ ယူရို(၂၅)သန်းနဲ့သာ ရောင်းထုတ်ရတော့မှာပါ။

မန်ယူအသင်းက ဆန်ချိုကို ပြီးခဲ့တဲ့ရာသီတုန်းက ချယ်လ်ဆီးအသင်းထံ အငှားချခဲ့ပြီး ရာသီကုန်ချိန်မှာ အပြီးသတ်ရောင်းထုတ်ဖို့ သဘောတူညီမှုယူထားခဲ့ပေမဲ့ ချယ်လ်ဆီးအသင်းက လျော်ကြေးပေါင်(၅)သန်းပေးပြီး သဘောတူညီမှုကို ဖျက်သိမ်းခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဂျူဗင်တပ်စ်အသင်းက မန်ယူနဲ့ ပြောင်းရွှေ့ကြေးကိစ္စ သဘောတူညီမှုရပြီဖြစ်ပေမဲ့ ဆန်ချိုနဲ့ သဘောတူညီမှုရဖို့ ကြိုးစားရဦးမယ်လို့ သိရပါတယ်။

Most Read

Most Recent