ရန်ကုန်နဲ့ ရှမ်းအသင်း ကစားမယ့် MNL League Cup ဗိုလ်လုပွဲကို Channel-7 က ပြသမယ်

ရန်ကုန်နဲ့ ရှမ်းအသင်း ကစားမယ့် MNL League Cup ဗိုလ်လုပွဲကို Channel-7 က ပြသမယ်
Photo- MNL
Photo- MNL
Published 5 July 2025

ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ရှမ်းယူနိုက်တက်အသင်း ယှဥ်ပြိုင်ကစားမယ့် MNL League Cup ဗိုလ်လုပွဲကို Channel-7 Free to Air ရုပ်သံလိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

၂၀၂၅ MNL League Cup ဗိုလ်လုပွဲအဖြစ် ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ရှမ်းယူနိုက်တက်အသင်းတို့ဟာ မနက်ဖြန်(ဇူလိုင် ၆) နေ့လည် (၃) နာရီခွဲ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ယှဥ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ 

ရန်ကုန်ယူနိုက်တက်အသင်းဟာ ဆီမီးဖိုင်နယ်မှာ ရတနာပုံအသင်းကို (၃-၁) ဂိုးနဲ့ အနိုင်ရခဲ့သလို ရှမ်းယူနိုက်တက်အသင်းကလည်း ဧရာဝတီယူနိုက်တက်အသင်းကို (၂-၀) ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

ဒီအသင်းနှစ်သင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ ရာသီတုန်းကလည်း ဗိုလ်လုပွဲကို ရောက်ရှိခဲ့ကြပြီး အဲ့ဒီတုန်းက ရှမ်းယူနိုက်တက်အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို (၁-၀) ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲထားခဲ့ပါတယ်။

 

Most Read

Most Recent