■ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် ပွဲကြိုသုံးသပ်ချက်

■ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် ပွဲကြိုသုံးသပ်ချက်
Published 10 June 2025

ဖင်လန် - ပိုလန် (မြန်မာစံတော်ချိန် ဇွန် ၁၁ ရက် နံနက် ၁:၁၅ နာရီ)

ပိုလန်မှာ နာမည်ကျော်တိုက်စစ်မှူး လီဝန်ဒေါစကီးက နည်းပြ ပရိုဘီယာ့ဇ်နဲ့ ပြဿနာတက်လို့ သူ ဆက်ရှိနေသမျှ အသင်းမှ မကစားတော့ဘူးလို့ ဆန္ဒပြထားတယ်။ ဖင်လန်က နောက်ပိုင်းမှာ ခြေစွမ်းကျဆင်းနေလို့ လီဝန်ဒေါစကီး မပါရင်တော့ လူအင်အားတောင့်တဲ့ ပိုလန်ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ ပိုလန်ကိုပဲ ရွေးချယ်ချင်တယ်။ 



နယ်သာလန် - မော်လ်တာ (မြန်မာစံတော်ချိန် ဇွန် ၁၁ ရက် နံနက် ၁:၁၅ နာရီ)

နယ်သာလန်က သူတို့အုပ်စုမှာ ပိုလန်၊ ဖင်လန်တို့လို အသင်းတွေ ပါဝင်နေတာကြောင့် ဒီလိုပွဲမျိုးမှာ ဂိုးတွေ ရသလောက် သွင်းလိမ့်မယ်။ မော်လ်တာက ဒီအုပ်စုမှာ အိမ်ဖြည့်အသင်းပဲ ဖြစ်ပါတယ်။ ဒီပိုင်း၊ ဂတ်ပိုတို့ ဦးဆောင်လာမယ့် နယ်သာလန်အသင်း ဂိုးပြတ်အနိုင်ရပါလိမ့်မယ်။ 



ဆမ်မာရီနို - သြစတြီးယား (မြန်မာစံတော်ချိန် ဇွန် ၁၁ ရက် နံနက် ၁:၁၅ နာရီ)

သြစတြီးယားအနေနဲ့ အုပ်စု (H) မှာ ဘော့စနီးယား၊ ရိုမေးနီးယားတို့လို အသင်းတွေ ပါဝင်နေတာကြောင့် တိုက်ရိုက်ခြေစစ်ပွဲအောင်ဖို့ဆိုရင် သတိထားဖို့ လိုတယ်။ ဆမ်မာရီနိုကတော့ အိမ်ဖြည့်အသင်းဖြစ်ပြီး ကစားပြီးခဲ့တဲ့ (၃) ပွဲစလုံး ရှုံးနိမ့်ထားတယ်။ အာနော်တိုဗစ် ဦးဆောင်တဲ့ သြစတြီးယားတိုက်စစ် ဘယ်နှဂိုးသွင်းမလဲပဲ ကြည့်ရမယ်။ 



■ အခြားပွဲစဉ်များ

*ရိုမေးနီးယား - ဆိုက်ပရပ်စ် (မြန်မာစံတော်ချိန် ဇွန် ၁၁ ရက် နံနက် ၁:၁၅ နာရီ)

လတ်ဗီးယား - အယ်လ်ဘေးနီးယား* (မြန်မာစံတော်ချိန် ဇွန် ၁၁ ရက် နံနက် ၁:၁၅ နာရီ)

*ဆားဘီးယား - အန်ဒိုရာ (မြန်မာစံတော်ချိန် ဇွန် ၁၁ ရက် နံနက် ၁:၁၅ နာရီ)

 

Most Read

Most Recent