IFFHS မှ ထုတ်ပြန်သည့် ထာဝရအကောင်းဆုံးဘောလုံးသမား (၁၀)ဦးစာရင်း၌ စီရော်နယ်လ်ဒိုကို အဆင့် (၄)နေရာတွင်သာ သတ်မှတ်ခဲ့၍ အငြင်းပွားမှုများရှိနေ

IFFHS မှ ထုတ်ပြန်သည့် ထာဝရအကောင်းဆုံးဘောလုံးသမား (၁၀)ဦးစာရင်း၌ စီရော်နယ်လ်ဒိုကို အဆင့် (၄)နေရာတွင်သာ သတ်မှတ်ခဲ့၍ အငြင်းပွားမှုများရှိနေ
Photo: IFFHS
Photo: IFFHS
Published 20 May 2025

နိုင်ငံတကာဘောလုံးသမိုင်းနှင့် စာရင်းအင်းအဖွဲ့(IFFHS) မှ ထုတ်ပြန်သည့် သမိုင်းတစ်လျှောက် ထာဝရအကောင်းဆုံးဘောလုံးသမား(၁၀) ဦးစာရင်း၌ စီရော်နယ်လ်ဒိုကို အဆင့်(၄)နေရာတွင် သတ်မှတ်ခဲ့သည့်အတွက် အငြင်းပွားမှုများရှိနေကြောင်း သိရသည်။

IFFHS မှ ထုတ်ပြန်ခဲ့သော ထာဝရအကောင်းဆုံးကစားသမား(၁၀)ဦးစာရင်းတွင် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက ထိပ်ဆုံးနံပါတ်(၁)နေရာ၌ ရပ်တည်ခဲ့ပြီး ဘရာဇီးလ်ဂန္ထဝင် ပီလီက ဒုတိယ၊ အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာက တတိယ၊ စီရော်နယ်လ်ဒိုက စတုတ္ထနေရာ ရပ်တည်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့၏နောက်တွင် ယိုဟန်ခရိုက်ဖ်(နယ်သာလန်)၊ ရော်နယ်လ်ဒို(ဘရာဇီးလ်)၊ ဇီဒန်း(ပြင်သစ်)၊ ဘက်ကင်ဘောင်ဝါ(ဂျာမနီ)၊ ဒီစတီဖာနို(အာဂျင်တီးနား)၊ ရော်နယ်လ်ဒင်ဟို(ဘရာဇီးလ်)တို့ အစဉ်လိုက်ရပ်တည်ခဲ့သည်။

မက်ဆီသည် ကစားသမားဘဝတစ်လျှောက် ဆုဖလား(၄၆)ခု ရယူနိုင်ခဲ့သည့်အပြင် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုအဖြစ် သတ်မှတ်ထားသည့် Ballon d'Or ဆုကို (၈) ကြိမ်အထိ အများဆုံးရရှိခဲ့သူဖြစ်သောကြောင့် ထာဝရအကောင်းဆုံး ဘောလုံးသမားအဖြစ် သတ်မှတ်ခြင်းကို သဘောမတူသူ အနည်းငယ်သာရှိသော်လည်း စီရော်နယ်လ်ဒိုအား အဆင့်(၄)နေရာသာ သတ်မှတ်ခြင်းကိုမူ ဝေဖန်မှုများစွာရှိခဲ့ကြောင်း သိရသည်။

စီရော်နယ်လ်ဒိုသည် လက်ရှိအချိန်အထိ ကမ္ဘာ့ဖလားချန်ပီယံဆု ရယူနိုင်ခြင်းမရှိသေးသော်လည်း ပေါ်တူဂီအသင်းနှင့် ယူရိုချန်ပီယံဆု ရယူနိုင်ခဲ့သလို၊ မန်ယူ၊ ရီးယဲလ်၊ ဂျူဗင်တပ်စ်အသင်းတို့နှင့်  ဆုဖလားများစွာ ရယူနိုင်ခဲ့သူဖြစ်သည်။

ထို့ပြင် ဘောလုံးလောက၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေခြင်းနှင့် Ballon d'Or ဆုကို (၅)ကြိမ် ရရှိခဲ့သူဖြစ်သောကြောင့် ပီလီနှင့် မာရာဒိုနာတို၏အထက်တွင် သတ်မှတ်ခံရသင့်သည်ဟု ထောက်ပြမှုများရှိခဲ့သည်။

Most Read

Most Recent