ကာ့ဒ်အလုပ်သမားများပါတီ(PKK) ကို ဖျက်သိိမ်းလိုက်ပြီး တူရကီနိုင်ငံကို နှစ်ပေါင်းလေးဆယ်ကျော် လက်နက်ကိုင်တိုက်ခိုက်နေခြင်းကို အဆုံးသတ်လိုက်ပြီဟု မေလ ၁၂ ရက်တွင် ကြေညာခဲ့ကြောင်း ကာ့ဒ်လိုလားသော ANF သတင်းဌာနက ဖော်ပြခဲ့သည်။
“၁၂ ကြိမ်မြောက် PKK ပါတီကွန်ဂ ရက်က PKK ရဲ့အဖွဲ့အစည်းဆိုင်ရာ တည် ဆောက်ပုံကို ဖျက်သိမ်းပြီး ပါတီရဲ့လက်နက် ကိုင်လှုပ်ရှားမှုနည်းလမ်းကို အဆုံးသတ်ပြီလို့ ဆုံးဖြတ်ခဲ့ပါတယ်”ဟု PKK က လွန်ခဲ့သော သီတင်းပတ်တွင် ပါတီညီလာခံကျင်းပခဲ့ပြီးနောက် ထုတ်ပြန်သော ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
၁၉၉၉ ခုနှစ်ကတည်းက အစ္စ တန်ဘူလ်အလွန် ကျွန်းတစ်ကျွန်းတွင် ထောင် ချခံထားရသော PPK ပါတီခေါင်းဆောင် အဗ္ဗဒူလာအိုကာလန်၏တောင်းဆိုချက်အ တိုင်း ပါတီကို ဖျက်သိမ်းခြင်းဖြစ်သည်ဟု ၏ထုတ်ပြန်ချက်$ ဖော်ပြထားသည်။
PKK တိုက်ခိုက်ရေးသမားများ လက်နက်စွန့် ပြီး ပါတီအားဖျက်သိိမ်းရန် အဗ္ဗဒူလာအိုကာ လန်က ဖေဖော်ဝါရီတွင် တိုက်တွန်းပြောကြားခဲ့သည်။ ဆုံးဖြတ်ချက်ကို အပြီးသတ်ချမှတ် ရန်PKK က ပါတီညီလာခံကျင်းပရန် အိုကာ လန်က ပေးစာထဲ၌ တိုက်တွန်းခဲ့သည်။ ပါတီ ခေါင်းဆောင်ပိုင်းက ၎င်း၏တိုက်တွန်းမှုကို လက်ခံခဲ့သည်။
Ref;AFP














