ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် MICC-1၊ ရန်အောင်မြင်ဆည်နှင့် ရွှေကြာပင်ရပ်ကွက်တွင် ယာယီဖွင့်လှစ်ကုသပေးလျက်ရှိသည့် အမေရိကန်အခြေဆိုက် Samaritan’s Purse Internation Relief Organization၏ ရွေ့လျားဆေးရုံအား နစကဥက္ကဋ္ဌ သွားရောက်ကြည့်ရှု

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် MICC-1၊ ရန်အောင်မြင်ဆည်နှင့် ရွှေကြာပင်ရပ်ကွက်တွင် ယာယီဖွင့်လှစ်ကုသပေးလျက်ရှိသည့် အမေရိကန်အခြေဆိုက် Samaritan’s Purse Internation Relief Organization၏ ရွေ့လျားဆေးရုံအား နစကဥက္ကဋ္ဌ သွားရောက်ကြည့်ရှု
Published 10 April 2025

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  MICC-1 ၊ ရန်အောင်မြင်ဆည်နှင့် ရွှေကြာပင်ရပ်ကွက်တွင် ယာယီဖွင့်လှစ်ကုသပေးလျက်ရှိသည့် အမေရိကန်အခြေဆိုက် Samaritan’s Purse Internation Relief Organization ၏ ရွေ့လျားဆေးရုံ အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော  မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁(MICC-1)၊  ရန်အောင်မြင်ဆည်နှင့်  ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်း၌ ယာယီဖွင့်လှစ်ကုသပေးလျက်ရှိသည့်  ယာယီဆေးရုံရှိ လူနာများအား ဧပြီ ၉ ရက် မွန်းလွဲပိုင်းတွင် တို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ကြည့်ရှုကာ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် တာဝန်ရှိသူများလိုက်ပါပြီး ငလျင်ဒဏ်ကြောင့် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁(MICC-1) ပင်မအဆောက်အအုံ အဝင်မျက်နှာကြက် ထိခိုက်ပျက်စီးမှုများ၊ ကျောက်စိမ်းခန်းမ၊ ပတ္တမြားခန်းမ၊ မြခန်းမတို့ မျက်နှာကြက်ပျက်စီးမှုများနှင့် အစည်းအဝေးခန်းမများ၊ နံရံများ အနည်းငယ်ကွဲအက်နေမှုနှင့် ပျက်စီးမှုအချို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဒက္ခိဏသီရိမြို့နယ်ရှိ  ရန်အောင်မြင်ဆည်သို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ကုန်းချောတမံ အက်ကွဲကြောင်းများအား ယာယီပြုပြင်ထားရှိမှု၊ အက်ကွဲကြောင်းများအတွင်း သဲနှင့်မြေသားဖြည့်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် မြေသားစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရန်အောင်မြင်ဆည် ဆိုင်ရာအချက်အလက်များနှင့် ဆည်တမံကြံ့ခိုင်မှုနှင့် ငလျင်ဒဏ်ကြောင့် အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့မှုတို့အား ရှင်းလင်းတင်ပြမှုအပေါ် နိုင်ငံတော်ဝန်ကြီးချုပ်က ထိခိုက်မှုရှိခဲ့သည့် ကုန်းချောတမံအား ပြန်လည်ပြုခြင်းလုပ်ငန်းကို မိုးရာသီမတိုင်မီ ပြီးစီးအောင် ဆောင်ရွက်သွားရန်၊ ရေဝေရေလဲသစ်တောများအား စိမ်းစိုသည်အထိ ဆောင်ရွက်သွားရန်၊ စိုက်ပျိုးထားသည့် သစ်ပင်များအား ရှင်သန်အောင် ပြုပြင်ထိန်းသိမ်းသွားရန်နှင့် အခြားလိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်း၌ ယာယီဖွင့်လှစ် ကုသပေးလျက်ရှိသည့်  အမေရိကန်အခြေဆိုက် Samaritan’s Purse Internation Relief Organization က ရွေ့လျားဆေးရုံသို့ရောက်ရှိရာ ဆေးရုံတာဝန်ခံ Dr. Elliott Tenpenny  ကဆေးရုံ၌ လူနာများခွဲစိတ်ကုသပေးနေမှုနှင့် ဆေးရုံဖွင့်လှစ်ထားရှိမှု အခြေအနေများအားလိုက်လံရှင်းလင်းပြသရာ နိုင်ငံတော်ဝန်ကြီးချုပ်က ရွေ့လျားဆေးရုံအတွင်း လိုက်လံ ကြည့်ရှုပြီး လူနာများအား လိုက်လံနှုတ်ဆက်ပြီး ယခုကဲ့သို့ မြန်မာနိုင်ငံသို့ လာရောက်ကူညီဆောင်ရွက်မှုအတွက် အမေရိကန်နိုင်ငံအစိုးရနှင့် အမေရိကန်ပြည်သူလူထုအား ကျေးဇူးတင်ရှိကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အမေရိကန်ဆေးကုသရေးအဖွဲ့မှ တာဝန်ခံက မြန်မာနိုင်ငံသို့ မိမိတို့ လာရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအစိုးရ အနေဖြင့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များကို အဆင်ပြေချောစွာဖြင့် ဆောင်ရွက်ပေးသည့်အတွက် မိမိတို့အနေဖြင့် လူနာများကုသရာတွင် ပိုမိုအဆင်ပြေသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသည်။

အဆိုပါ ရွေ့လျားဆေးရုံတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဆေးဝန်ထမ်းတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံးနှင့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ ပူးပေါင်း၍ ကွန်တိန်နာဘောက်များဖြင့် ဆောက်လုပ်ထားသည့် အရေးပေါ် ခေတ်မီရွေ့လျားဆေးရုံ ဖြစ်ပြီး  ပြင်ပလူနာဌာန၊ အရေးပေါ်ကုသမှုဌာန၊ ခွဲစိတ်ခန်း၊ ဆေးစတိုနှင့် ဓာတ်ခွဲခန်းတို့ ပါဝင်ကြောင်း၊ လူနာ ၆၀ ဦးအား ကုသပေးနိုင်ရန်အတွက် ခုတင် ၆၀ ခန့် ယာယီဆေးရုံ ဖြစ်ကြောင်း သိရသည်။

အဆိုပါယာယီဆေးရုံတွင် လူနာမျိုးစုံအား အခမဲ့ကုသပေးခြင်း၊ ခွဲစိတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါအဖွဲ့တွင် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ  ခွဲစိတ်ဆရာဝန်၊ အရိုးကုဆရာဝန်များ အပါအဝင် ပါရဂူနှင့် သူနာပြုများ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ အမေရိကန်ဆေးကုသရေးအဖွဲ့အနေဖြင့် ဧပြီ ၄ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ဧပြီ ၇ ရက်မှစတင်ပြီး ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လူနာ ၂၀ ဦးအား  ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း၊ ဧပြီ ၁၀ ရက်တွင်လည်း အထူးကြပ်မတ်ဆောင် (၁) ဆောင်နှင့် ခွဲစိတ်ခန်း (၂ )ခန်းကို ထပ်မံဖွင့်လှစ်ပြီး ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent