လက်စတာအသင်းနည်းပြ နစ္စတယ်ရွိုင်းက ပရီးမီးယားလိဂ်မှ တန်းဆင်းရရန် အလွန်နီးစပ်သည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သော်လည်း နောက်ဆုံးပွဲစဉ်အထိ လက်လျှော့မည်မဟုတ်ဟု ပြောကြားခဲ့သည်။
အသက် (၄၁) နှစ်အရွယ်ရှိ နစ္စတယ်ရွိုင်းသည် ၂၀၂၄ နိုဝင်ဘာ (၂၉) ရက်တွင် လက်စတာအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး အသင်းမှာ ၎င်းလက်ထက်တွင် ရလဒ်ဆိုးများနှင့် ရင်ဆိုင်နေရသည်။
နစ္စတယ်ရွိုင်းသည် လက်စတာအသင်းကို ပြိုင်ပွဲစုံ ပွဲ (၂၀) ကိုင်တွယ်ထားရာတွင် (၃) ပွဲသာ အနိုင်ရပြီး (၁၆) ပွဲအထိ ရှုံးနိမ့်ထားသည်။
လက်စတာအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၃၀)အပြီးတွင် (၁၇)မှတ်သာရရှိထားပြီး အဆင့်(၁၇)နေရာမှ ဝုလ်ဗ်အသင်းနှင့် (၁၂)မှတ်ကွာဟနေသည်။
"သချင်္ာနည်းအရ အဖြေပေါ်သွားခဲ့ပြီဆိုရင်တောင် ကျွန်တော်တို့ နောက်ဆုံးပွဲစဉ်အထိ လက်လျှော့သွားမှာမဟုတ်ပါဘူး"ဟု လက်စတာနည်းပြ နစ္စတယ်ရွိုင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။















