နှစ်ပေါင်း ၁၀၀ ကျော်အတွင်း အင်အားအလွန်ကြီးမားသည့် ငလျင်လှုပ်ခတ်မှုအပြီးတွင် နောက်ဆက်တွဲငလျင် ၂၁ ကြိမ်လှုပ်ခတ်

နှစ်ပေါင်း ၁၀၀ ကျော်အတွင်း အင်အားအလွန်ကြီးမားသည့် ငလျင်လှုပ်ခတ်မှုအပြီးတွင် နောက်ဆက်တွဲငလျင် ၂၁ ကြိမ်လှုပ်ခတ်
Published 29 March 2025

နှစ်ပေါင်း ၁၀၀ ကျော်အတွင်း အင်အားအလွန်ကြီးမားသည့် ငလျင်လှုပ်ခတ်မှုပြီးတွင် နောက်ဆက်တွဲငလျင် ၂၁ ကြိမ်လှုပ်ခတ်ဟု မိုးဇလ က ထုတ်ပြန်သည်။

မတ် ၂၈ ရက် မွန်းလွဲ ၁၂ နာရီ မိနစ်ခန့်က ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ကြီးမား သည့် ငလျင်လှုပ်ခတ်မှုအပြီးတွင် နောက်ဆက်တွဲငလျင်များ ဆက်တိုက်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အရေအတွက်မှာ မတ် ၂၉ ရက်ည ၉ နာရီ ၁၈ မိနစ်အထိ ရရှိထားသည့် အရေအတွက်ဖြစ်သည်။

အင်အားပြင်းငလျင်များ လှုပ်ခတ်မှုအပြီးတွင် နောက်ဆက်တွဲ ငလျင်များ ထပ်မံ လှုပ်ခတ်နိုင်ခြေရှိ သဖြင့် သတိထားနေထိုင်ကြရန် မိုးဇလက သတိပေးထားသည်။

" ကယ်ဆယ်ရေး လုပ်နေတုန်း ငလျင်လှုပ်လာလို့ လုပ်လက်စရပ်ပြီး ခဏနေလိုက်ရတယ်။ တော်သေးတာက အရမ်းမပြင်းလို့။ ကယ်ဆယ်ရေးလုပ်ရင်း နောက်ဆက်တွဲငလျင်ကိုလည်း စောင့်ကြည့်နေရတယ်" ဟု ရန်ကုန်မြို့မှ မန္တလေးမြို့သို့ သွားရောက်ကူညီနေသည့် ပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် မန္တလေးနှင့် စစ်ကိုင်းမြို့များတွင်လည်း နောက်ဆက်တွဲငလျင်များကို စိုးရိမ်သဖြင့် လူအများစုမှာ မတ် ၂၈ ရက်ညပိုင်းက လမ်းမများပေါ်တွင် ထွက်အိပ်ခဲ့ရသည်။

Most Read

Most Recent