မူဝါဒအပြောင်းအလဲကြောင့် KBZPay Account အား ထိုင်းဖုန်းနံပါတ်များဖြင့် အသုံးပြုခွင့်မရတော့ဘဲ ပြည်တွင်းဖုန်းနံပါတ်များဖြင့်သာ အသုံးပြုနိုင်မည်ဖြစ်

မူဝါဒအပြောင်းအလဲကြောင့် KBZPay Account အား ထိုင်းဖုန်းနံပါတ်များဖြင့် အသုံးပြုခွင့်မရတော့ဘဲ ပြည်တွင်းဖုန်းနံပါတ်များဖြင့်သာ အသုံးပြုနိုင်မည်ဖြစ်
Published 20 March 2025

မူဝါဒအပြောင်းအလဲကြောင့် KBZPay Account အား ထိုင်းဖုန်းနံပါတ်များဖြင့် အသုံးပြုခွင့်မရတော့ဘဲ ပြည်တွင်းဖုန်းနံပါတ်များဖြင့်သာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း KBZ Pay က ထုတ်ပြန်သည်။

" လက်ရှိမူဝါဒ ‌ပြောင်းလဲမှုများအရ KBZPay Account အား ပြည်တွင်းဖုန်းနံပါတ်ဖြင့်သာ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်ရှင်" ဟု မေးမြန်းသူအချို့အား KBZ Pay က လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် ပြန်လည်ဖြေကြားသည်ကို တွေ့ရသည်။

လက်ရှိတွင် ထိုင်းဖုန်းနံပါတ်+66 များဖြင့် KBZ Pay အကောင့် ဖွင့်လှစ်ထားသူများကို ငွေလွှဲငွေထုတ်ဝန်ဆောင်မှုကို ယာယီဆိုင်းငံ့ထားမည့်အကြောင်းအား KBZ Pay က သုံးစွဲသူများထံ အသိပေးလာခြင်းများရှိသည်ဟု သိရသည်။

ထိုင်းဖုန်းနံပါတ်များဖြင့် ဖွင့်လှစ်ထားသည့် K Pay အကောင့်များအနေဖြင့် မြန်မာဖုန်းနံပါတ်ဖြင့် ပြောင်းလဲအသုံးပြုရန် လိုအပ်ကြောင်း၊ ဖုန်းနံပါတ်ပြောင်းလဲရန် မကြာမီထွက်ရှိလာမည့် Kpay ဗားရှင်းအသစ် 5.8.1 version ကိုမြှင့်တင်ထားရန်လိုအပ်ပြီး Application ပါအချက်အလက်များအတိုင်း ဖုန်းနံပါတ်ချိန်းကာအသုံးပြုနိုင်ကြောင်း KBZ Pay က ထုတ်ပြန်ထားသည်။

ယင်းသို့ ပြောင်းလဲမှုအပေါ် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများက ပြင်းပြင်းထန်ထန် ဝေဖန်မှုများရှိနေပြီး ပြည်တွင်းတွင်လည်း KBZ Pay အကောင့်မှ ငွေများလိမ်လည်ထုတ်ယူခံရမှုများအပေါ်တွင်လည်း ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။

KBZ Pay ကို ၂၀၁၈ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး ဆယ်နှစ်အတွင်း သန်း ၃၀ ရှိလာစေရန် ရည်မှန်းထားသည်ဟု KBZ Pay က ထုတ်ပြန်ထားသည်။

Most Read

Most Recent