၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့သည်။ ထို့ကြောင့် ရုရှားကျူးကျော်မှု သုံးနှစ်ပြည့်သွား ပြီဖြစ်ရာ ယင်းကျူးကျော်မှုအတွင်း အဓိက ဖြစ်ရပ်များကို ဖော်ပြပေးလိုက်ပါသည်။
ကျူးကျော်မှု
ရုရှားသမ္မတဗလာဒီမာပူတင်က ယူက ရိန်း အထူးစစ်ဆင်ရေးကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ကြေညာသည်။ ယူ ကရိန်းနိုင်ငံကို နာဇီဝါဒ ကင်းစင်အောင်လုပ်ချင်သည်ဟု ပူတင်က ပြောကြားသည်။
ယူကရိန်းမြို့များကို ဒုံးကျည်တိုက်ခိုက်မှုများလုပ်ဆောင်ခြင်းနှင့်အတူ ရုရှားက အင်ပြည့်အားပြည့် ကျူးကျော်မှု စတင်သည်။
ကျူးကျော်မှုက ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဥရောပ၏အဆိုးရွားဆုံးသော ဒုက္ခသည် အကျပ်အတည်းကို ပေါ်ပေါက်စေသည်။
အနောက်အုပ်စုက ရုရှားကို မကြုံစဖူး ပိတ်ဆို့မှုများ ချမှတ်သည်။ ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့က ယူကရိန်း ကို လက်နက်များနှင့်အကူအညီများ ပေးပို့သည်။
မြို့တော်ကိယက်ဗ်ကို ချီတက်လာ သောရုရှားတပ်ဖွဲ့များကို ယူကရိန်းက တွန်းလှန်သည်။
စစ်ရာဇဝတ်မှုများ
၂၀၂၂ ခုနှစ် ဧပြီလ စောစောပိုင်းတွင် အေအက်ဖ်ပီသတင်းထောက်များကကိ ယက်ဗ်မြို့၏ဘူချားဆင်ခြေဖုံးရပ်ကွက်ရှိ လမ်းတစ်လမ်းတွင် အနည်းဆုံး အရပ်သား ၂၀ ၏အလောင်းများကို မြင်တွေ့သည်။
ယင်းသည် ရုရှားတပ်ဖွဲ့များ စွန့်ပစ်ခဲ့ သော မြို့များတွင် သေခြင်း အနိဌာရုံနှင့်ဆိုင် သော ဆက်တိုက်ရှာဖွေတွေ့ရှိမှုများထဲက ပထမဆုံး တွေ့ရှိမှုဖြစ်ပြီး နိုင်ငံတကာဝေဖန် မှုနှင့် စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးမှုများကို ပေါ်ပေါက်စေခဲ့သော တွေ့ရှိမှုများဖြစ် သည်။ မော်စကိုက တာဝန်ရှိသည်ဆိုခြင်းကို ပယ်ချထားသည်။
၂၀၂၂ ခုုနှစ် မေ ၂၁ ရက်တွင် ရုရှားက အရှေ့တောင်ပိုင်းဆိပ်ကမ်းမြို့မာရီယိုပိုးလ် ကို သိမ်းပိုက်သည်။ စတီးစက်ရုံ၌ ပုန်းနေ သော နောက်ဆုံးကျန်သည့် ယူကရိန်းစစ် သားများ အညံ့ခံခဲ့ပြီးနောက် မာရီယိုပိုးလ် သည် အဆက်အပြတ် ဗုံးကြဲတိုက်ခိုက်ခံရ သည်။
၂၀၂၂ ခုနှစ် စက်တင်ဘာလထဲတွင် ရုရှားက တစ်စိတ်တစ်ပိုင်း စစ်စည်းရုံးရေး ကို ကြေညာခဲ့ရာ သီတင်းပတ်ချီ ကြန့်ကြာမှု များဖြစ်ခဲ့ပြီးနောက် အမျိုးသား ၃၀၀,၀၀၀ ခန့်ကို ရုရှားစစ်တပ်အတွက် အတင်းအကျပ် စစ်မှုထမ်းစေသည်။
စက်တင်ဘာ ၃၀ ရက်တွင် ပူတင်က ယူကရိန်းဒေသများဖြစ်သောလူဟန်၊ ဒိုး နက်၊ ခါဆန်၊ ဇာပိုရီရှားတို့ကို ရုရှားပိုင်နက် အဖြစ် သိမ်းသွင်းသည်။
ဝက်ဂနာ ပုန်ကန်မှု
၂၀၂၃ ခုနှစ် ဇွန် ၂၄ ရက်တွင် ဝက်ဂနာ အကြီးအကဲယက်ဂန်နီပရီဂေါ်ဇင်က မော် စကို၏ထိပ်တန်းစစ်ခေါင်းဆောင်ပိုင်းကို ဖြုတ်ချရန် ပုန်ကန်မှုကို ဦးဆောင်ခဲ့သည်ဆို သော်လည်း ဘီလာရုစ်ခေါင်းဆောင်အ လက်ဇန်ဒါလူကာရှင်ကိုက ကြားဝင် ဖျန် ဖြေ ပေးခဲ့သောကြောင့် နောက်ပြန်ဆုတ်သွား သည်။
ပရီဂေါ်ဇင်သည် နောက်နှစ်လအကြာ တွင် လျှို့ဝှက်ဆန်းကြယ်လှသည့် လေယာဉ် ပျက်ကျမှုတွင် သေဆုံးသွားသည်။
ယူကရိန်း တန်ပြန်ထိုးစစ် မအောင်မြင်
၂၀၂၃ ခုနှစ် ဇွန်လထဲတွင် စတင်ခဲ့ သော ယူကရိန်းတန်ပြန်ထိုးစစ်သည် အောင် မြင်မှုမရပေ။ ရုရှားတပ်ဖွဲ့များက အောက်တို ဘာတွင် စတင်ခဲ့သော ပြင်းထန်သည့်ထိုး စစ်အပြီး၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက် တွင် အရှေ့ပိုင်းစက်မှုမြို့ အာ့ဒီဗကာကို သိမ်းပိုက်သည်။
၂၀၂၄ ခုနှစ် ဧပြီလထဲတွင် ရုရှားက ယူကရိန်းနိုင်ငံတစ်ဝန်းရှိ ဓာတ်အားပေး စက်ရုံများကို ဗုံးကြဲတိုက်ခိုက်သည်။ ရုရှား၏ ရေနံသန့်စင်စက်ရုံများကို ပစ်မှတ်ထားသည့် ယူကရိန်းအား တစ်စိတ်တစ်ပိုင်း တုံ့ပြန်မှု ဖြစ်သည်ဟု ပူတင်က ပြောကြားသည်။
ဧပြီ ၂၃ ရက်တွင် ၀ါရှင်တန်က ယူက ရိန်းအတွက် အချိန်ကြန့်ကြာနေပြီဖြစ်သော အမေရိကန်ဒေါ်လာ ၆၁ ဘီလျံရှိသော အ ကူအညီကို အတည်ပြုသည်။
ရုရှား ထိုးစစ်
၂၀၂၄ ခုနှစ် မေလ ၁၀ ရက်တွင် ရုရှား တပ်ဖွဲ့များက ကို့ Kursk ဒေသတွင် ရှောင် တခင် မြေပြင်ထိုးစစ်ကို ဆင်နွှဲပြီး ကျေးရွာ များကို သိမ်းပိုက်သည်။ယူကရိန်းက တပ်ကူ များပေးပို့သည်။
ဂျီ-၇ နှင့် ငြိမ်းချမ်းရေး ညီလာခံ
ဂျီ-၇ ခေါင်းဆောင်တို့က ထိန်းချုပ် ထားသည့် ရုရှားပိုင်ဆိုင်ပစ္စည်းများမှ အကျိုး အမြတ်များကို အသုံးပြုပြီး ယူကရိန်းအတွက် အမေရိကန်ဒေါ်လာ ဘီလျံ ၅၀ ချေးငွေသစ် ကို ဇွန် ၁၃ ရက်တွင် အီတလီနိုင်ငံ$ သဘော တူသည်။
ဇွန် ၁၇ ရက်တွင် ကမ္ဘာ့ခေါင်းဆောင် အများအပြားက ဆွစ်ဇာလန်နိုင်ငံ၌ ကျင်းပ သော ညီလာခံတွင် ယူကရိန်း၏လွတ်လပ် ရေးနှင့် နယ်မြေတည်တံခိုင်မြဲရေးတို့ကို ထောက်ခံသည်။
ဇူလိုင် ၁၅ ရက်တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက ပထမအကြိမ် ငြိမ်းချမ်းရေးညီလာခံတွင် ဖိတ်ကြားခဲ့ခြင်း မရှိသော ရုရှားသည် ဒုတိယအကြိမ်ညီလာခံ တွင် တက်ရောက်သင့်ကြောင်း ပြောကြား သည်။
ယူကရိန်း ကျူးကျော်မှု
စောင့်ခဲ့ရသည်မှာ ကြာပြီဖြစ်သော အ မေရိကန်လုပ် အက်ဖ်-၁၆ တိုက်လေ ယာဉ် တို့ စတင်ရောက်ရှိလာသည်။ ယူကရိန်းတပ် ဖွဲ့များက သြဂုတ် ၆ ရက်တွင် ရုရှားအ နောက်ပိုင်း ကို့ဒေသကို အလစ်အငိုက်ကျူး ကျော်သည်။
မိမိတို့၏တပ်ဖွဲ့များက ကို့ဒေသတွင် ကြားခံဇုန် ဖန်တီးလိမ့်မည်ဟု ယူကရိန်းက ပြောကြားသည်။ ယင်းသို့ကြားခံဇုန်ဖန်တီး ရန် ရည်ရွယ်ချက်မှာ တရားမျှတသောဆွေး နွေးမှုများ လုပ်ဆောင်ရေးကို ရုရှား လက်ခံ လာစေရန်ဖြစ်သည်ဟု ဆိုသည်။
သြဂုတ်လကုန်ပိုင်းနှင့် စက်တင်ဘာ လစောစောပိုင်းတွင် ရုရှားက ယူကရိန်းနယ် မြေထဲ၌ ပြင်းထန်သောတိုက်ခိုက်မှုများကို အဆက်မပြတ်လုပ်ဆောင်ပြီး အရှေ့ပိုင်း ဒွန်းဘက်၌ စစ်ချီမှုအသစ်ကို လုပ်ဆောင် သည်။
မြောက်ကိုရီးယားက စစ်ကူပေးခြင်း
ကို့ဒေသတွင် တိုက်ခိုက်နေသော ရုရှား စစ်တပ်ကို အကူအညီပေးရန် မြောက်ကိုရီး ယားစစ်သား ၁၀,၀၀၀ ကျော်ကို ဖြန့်ကြက် လိုက်သည်ဟု ၂၀၂၄ ခုနှစ် အောက်တိုဘာ လထဲတွင် တောင်ကိုရီးယား၊ ယူကရိန်း၊ အမေရိကန်တို့က ပြောကြားသည်။
တာဝေးပစ် ဒုံးကျည်များနှင့်ပဋိပက္ခ အရှိန်မြင့် တက်မှု
၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၉ ရက် တွင် ယူကရိန်းက ရှေ့တက်လာသော ရုရှား တပ်များကို ရင်ဆိုင်ရေးအတွက် နောက် ထပ်စစ်သား ၁၆၀,၀၀၀ စစ်မှုထမ်းရန်အစီ အစဉ်များကို ကြေညာသည်။
ကျူးကျော်မှု၏ရက် ၁,၀၀၀ မြောက်နေ့ ဖြစ်သည့် နိုဝင်ဘာ ၁၉ ရက်တွင် ယူကရိန်း က အမေရိကန်နှင့်ဗြိတိန်တို့ထံမှ ခွင့်ပြုချက် ရရှိခဲ့ပြီးနောက် ရုရှားပိုင်နက်ထဲကို တာဝေး ပစ်ဒုံးကျည်များဖြင့် ပထမဆုံး တိုက်ခိုက် သည်။
ပူတင်က ယူကရိန်းကို ရုရှား၏ဟိုက်ပါ ဆောနစ်ဒုံးကျည်သစ်ဖြင့် တိုက်ခိုက်သည်။ အဆိုပါ ဒုံးကျည်သစ်ကို orishnik ဟုအ မည်ပေးထားပြီး နျူကလီးယားထိပ်ဖူးမပါဘဲ တိုက်ခိုက်ခြင်းဖြစ်သည်။
ပူတင်က ကမ္ဘာ့ပဋိပက္ခ၏ဖြစ်နိုင်ခြေ ကို သတိပေးခဲ့ပြီး ရုရှားတွင် ရွေးချယ်စရာ အားလုံးရှိနေသည်ဟု ပြောကြားသည်။
ရုရှားက ယူကရိန်းအရှေ့ပိုင်းတွင် နယ် မြေအသာရမှုအသစ်များကို ကြေညာသည်။ ရုရှားကယူကရိန်းလျှပ်စစ်ဓာတ်အားပေး စက်ရုံများကိုကြီးမားသောဒုံးကျည်တိုက် ခိုက်မှုနှင့် ဒရုန်းတိုက်ခိုက်မှုအချို့ လုပ် ဆောင်သည်။
အမေရိကန်သမ္မတအဖြစ် ထရန့် ကျမ်း ကျိန်ပြီး မကြာမီ ၎င်းင်းက ယူကရိန်းစစ်ပွဲအဆုံး သတ်ရေးအတွက် ပူတင်နှင့် ချက်ချင်းလက် ငင်းဆွေးနွေးရန် သဘောတူကြောင်းကြေ ညာခြင်းဖြင့် အံ့အားသင့်စရာကို ဖန်တီး သည်။ ဖေဖော်ဝါရီ ၁၂ ရက်တွင် ၎င်းင်းတို့နှစ် ဦး ဖုန်းဆက်ပြောဆိုခဲ့ပြီးနောက် ထရန့်က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ် သည်။
နေတိုးအဖွဲ့ထဲဝင်ရန် ယူကရိန်း၏ရည် မှန်းချက်နှင့် ခရိုင်းမီးယားကို ရုရှားပိုင်နက် အဖြစ်သွတ်သွင်းခြင်းမပြုမီ ယူကရိန်း၏ ၂၀၁၄ မတိုင်မီ နယ်စပ်အခြေအနေများသို့ ပြန်သွားရေးတို့သည် လက်တွေ့မကျဟု အ မေရိကန်က ပြောကြားသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ၎င်းင်းသည် ဆော်ဒီအာရေဗျနိုင်ငံတွင် များမ ကြာမီ ပူတင်ကို တွေ့ဆုံနိုင်သည်ဟု ဖေဖော် ၀ါရီ ၁၆ ရက်တွင် ပြောကြားသည်။ ရုရှားသမ္မ တသည် ယူကရိန်းစစ်ပွဲ ရပ်သွားစေရန်အ မှန်တကယ် ဆန္ဒရှိနေသည်ဟု ထရန့်က ဖြည့်စွက်ပြောကြားသည်။
အမေရိကန်၏လုပ်ဆောင်ချက်များက ဥရောပသမဂ္ဂ(အီးယူ)ကို စိုးရိမ်စေသည်။ အီးယူ၏တံခါးဝတွင် ဖြစ်ပျက်နေသော အ ရာတို့မှ ပိတ်ပစ်ခံရမည်ကို အီးယူက စိုးရိမ် နေခြင်းဖြစ်သည်။
ယူကရိန်းနှင့် ဥရောပတို့မပါဘဲ အမေ ရိကန်က လုပ်ဆောင်သော သဘောတူညီ ချက်မှန်သမျှကို ယူကရိန်း၏ဥရောပမဟာ မိတ်များ လက်ခံခြင်းမပြုရန် သမ္မတဇယ် လန်းစကီးက တိုက်တွန်းထားသည်။
ဗြိတိန်၏သဘောထား
ယူကရိန်းကို ရုရှားကျူးကျော်မှု သုံး နှစ်ပြည့်သည့်နေ့တွင် ယူကေက ရုရှားကို ပိတ်ဆို့မှု အများအပြား လုပ်ဆောင်ခဲ့သည်။ ထို့အပြင် ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာ မားက ဖေဖော်ဝါရီ ၂၃ ရက်တွင် the Sunသတင်းစာ၌ ရေးသားခဲ့ရာတွင် ယူကရိိန်း ဘက်က ရပ်တည်ရေးသည် အမေရိကန်သမ္မ တဒေါ်နယ်ထရန့်၏ အကျိုးစီးပွားဖြစ်သည် ဟု ဖော်ပြခဲ့သည်။
“လုံခြုံရေး အာမခံချက်နဲ့အတူ ယူက ရိန်းနဲ့အတူ ရပ်တည်တာဟာ ယူကေနဲ့ အ မေရိကန် အကျိုးစီးပွားဖြစ်ပါတယ်” ဟု စ တာမားက ရေးသားခဲ့သည်။
စတာမားသည် ဖေဖော်ဝါရီ ၂၇ ရက် တွင် သမ္မတဒေါ်နယ်ထရန့်ကို ၀ါရှင်တန်$ တွေ့ဆုံမည်ဖြစ်သည်။
ယူကရိန်းစစ်ပွဲအကြောင်း ဆွေးနွေးရာ တွင် ယူကရိန်းသမ္မတဇယ်လန်းစကီးကို ထရန့်က ဘေးဖယ်ထားခဲ့ပြီးနောက် အမေ ရိကန်နှင့်ယူကရိန်းတို့၏ဆက်ဆံရေးများ ဆိုးရွားနေချိန်တွင် စတာမား၏အမေရိကန် ခရီးစဉ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ယူကရိန်း၏အနာဂတ်၊ ဥရောပလုံခြုံ ရေးတို့အတွက် ဥရောပနိုင်ငံများကစည်း စည်းလုံးလုံးဆောင်ရွက်မည်ဟုဆိုသည်။ ထရန့်နှင့်ဇယ်လန်းစကီးတို့ ပြေလည်စေရန် စတာမားက ကြားဝင်ဆောင်ရွက်ပေးနိုင်မ လားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ် သည်။ Ref: AFP
Ref: AFP











