မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူပြီး ၁၀ နှစ်အကြာ ၂၀၂၄ ခုနှစ် တွင် သန်းခေါင်စာရင်း ထပ်မံကောက်ယူခဲ့ သည်။
သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူခဲ့ခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသော နိုင်ငံရေးအကျပ်အတည်းနှင့် အကြမ်းဖက်ဖြစ်စဉ်များ၏ အကျိုးဆက်ကြောင့် ဆုံးရှုံးခဲ့သည့် အခြေခံအဆောက်အအုံများနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝကို ပြန်လည်ထူထောင်နိုင်ရန် မြေပြင်အခြေအနေမှန်ကို ဖော်ပြသော တိကျမှန်ကန်မှုရှိသည့် စာရင်း အင်းအချက်အလက်များ လိုအပ်သည့်အ တွက် ကောက်ယူခဲ့ခြင်းလည်းဖြစ်သည်။
သန်းခေါင်စာရင်းဆိုတာ ဘာလဲ
သန်းခေါင်စာရင်းဆိုသည်မှာ လူဦးရေဆိုင်ရာ သတင်းအချက်အလက်များကို စနစ် တကျ ကောက်ယူသည့် လုပ်ငန်းစဉ်တစ်ခုဖြစ် သည်။ လူဦးရေသန်းခေါင်စာရင်းကို အများ အားဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဟု ခေါ်ဆိုလေ့ရှိပြီး စိုက်ပျိုး ရေး၊ စီးပွားရေးနှင့် အသုံးပြုသည့်ယာဉ်နှင့် ပတ်သက်သည့် သန်းခေါင်စာရင်းများလည်း ကောက်ယူလေ့ရှိသည်။
ကုလသမဂ္ဂ၏ အဓိပ္ပာယ်ဖွင့်ဆိုချက် အရ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်း ခေါင်စာရင်းသည် တစ်ဦးချင်းစီကို ကောက် ယူရခြင်း၊ နယ်နိမိတ်တစ်ခုအတွင်းရှိ လူအား လုံးကို ကောက်ယူရခြင်း၊ သတ်မှတ်ထားသော အချိန်ကာလတစ်ခုအတွင်း တစ်ပြိုင်တည်း ကောက်ယူရခြင်း စသည့်အင်္ဂါရပ်များနှင့် ကိုက်ညီရမည်ဖြစ်ပြီး အနည်းဆုံး ၁၀ နှစ်လျှင် တစ်ကြိမ်ကောက်ယူရန်လည်း အကြံပြုထား သည်။ သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်ရမည့်အကြောင်းအရာများ၊ အဓိပ္ပာယ် ဖွင့်ဆိုချက်များ၊ အဆင့်အတန်းသတ်မှတ်မှု များနှင့် အခြားအသုံးပြုမည့်အချက်အလက် များနှင့်ပတ်သက်၍ နိုင်ငံတကာ ကျင့်သုံးမှု များနှင့် ကိုက်ညီမှုရှိစေရန်လည်း ကုလသမဂ္ဂ က ဆိုထားသည်။
သန်းခေါင်စာရင်း (census) ဟူသော ဝေါဟာရသည် latin ဘာသာစကား “censere” မှ ဆင်းသက်သည်။ Roman Republic ကာလတွင် စစ်မှုထမ်းဆောင်ရန်အတွက် အမျိုးသားဦးရေ စာရင်းရရှိရန် ကောက်ယူခဲ့ ကြခြင်းဖြစ်ပြီး ယခုအခါ နိုင်ငံတွင်းနေထိုင် လျက်ရှိသော လူအားလုံးကို စာရင်းကောက် ယူခြင်းဖြစ်သည်။
ယခုခေတ် သန်းခေါင်စာရင်း၏ စာရင်း အင်းအချက်အလက်များသည် နိုင်ငံတကာ စာရင်းအင်းများနှင့် နှိုင်းယှဉ်နိုင်မှုရှိရန် လိုအပ်ပြီး လူဦးရေ အရေအတွက်ကိုသာမက လူဦးရေဆိုင်ရာ ၀ိသေသလက္ခဏာရပ်များကို လည်း ကောက်ယူလျက်ရှိကြသည်။
မြန်မာနိုင်ငံ သန်းခေါင်စာရင်းသမိုင်း
မြန်မာနိုင်ငံတွင် ပထမဦးဆုံးသန်းခေါင် စာရင်းကို ဘီစီ ၅၀၀ ခန့်က တကောင်းဘုရင် မင်းဆက်၊ သတိုးသီဟမဟာဓမ္မရာဇာဘုရင် လက်ထက်တွင် စတင်ကောက်ယူခဲ့ကြောင်း အထောက်အထားများအရ သိရသည်။
ဗြိတိသျှခေတ်က ပထမဆုံး လူဦးရေ သန်းခေါင်စာရင်းကို မြန်မာနိုင်ငံအောက် ပိုင်းတွင် အိန္ဒိယသန်းခေါင်စာရင်း၏ အစိတ် အပိုင်းအဖြစ် ၁၈၇၂ ခုနှစ်၌ ကောက်ယူခဲ့ သည်။ ထို့နောက် ၁၈၈၁ ခုနှစ်မှစတင်၍ ၁၀ နှစ်လျှင် တစ်ကြိမ် သန်းခေါင်စာရင်းများ ပုံမှန်ကောက်ယူခဲ့သည်။
၁၈၉၁ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ ၁၀ နှစ်လျှင် တစ်ကြိမ်ကောက်ယူခဲ့သည့် သန်း ခေါင်စာရင်းများသည် မြန်မာတစ်နိုင်ငံလုံးကို လွှမ်းခြုံအောင် ကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းများ ကို ၁၉၇၃ ခုနှစ်တွင် တစ်ကြိမ်နှင့် ၁၉၈၃ ခုနှစ် တွင် တစ်ကြိမ် ကောက်ယူခဲ့သည်။
သို့သော် ၁၉၈၃ ခုနှစ် နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်း ၃၀ ကျော် သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ခြင်း မရှိခဲ့ပေ။
၂၀၁၄ ခုနှစ်သို့ ရောက်မှသာ တတိယအ ကြိမ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်း ခေါင်စာရင်းကို ပြန်လည်ကောက်ယူခဲ့သည်။
စာရင်းကောက်ယူနိုင်မှု အခြေအနေ
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် ဒေသအချို့၌ လုံခြုံရေးအခြေအနေအရ ရာ နှုန်းပြည့် စာရင်းကောက်ယူနိုင်ခဲ့ခြင်း မရှိ ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်းကောက်ယူရာတွင် နိုင်ငံတစ်ဝန်းလုံး၌ မြို့နယ်ပေါင်း ၃၃၀ ရှိသည့် အနက် ရာနှုန်းပြည့် ကောက်ယူနိုင်ခဲ့သည့် မြို့ နယ် ၁၄၅ မြို့နယ်သာရှိပြီး တစ်စိတ်တစ်ဒေသ ကောက်ယူနိုင်သည့်မြို့နယ် ၁၂၇ မြို့နှင့် ရာ နှုန်းပြည့် ကောက်ယူနိုင်ခြင်းမရှိသည့် မြို့နယ် ၅၈ မြို့နယ် ရှိခဲ့သည်။
“၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်း အရာ သန်းခေါင်စာရင်း ကောက်ယူရာမှာ အေးချမ်းစွာအပြည့်အဝကောက်ယူနိုင်ခဲ့တဲ့ မြို့နယ်များရှိသလို လုံခြုံရေးနဲ့ လမ်းပန်းဆက် သွယ်ရေး အခြေအနေများကြောင့် ခက်ခဲစွာ ကောက်ယူခဲ့ရတဲ့ မြို့နယ်များရှိခဲ့ပါတယ်။ လုံးဝမကောက်ယူနိုင်တဲ့ မြို့နယ်များလည်း ရှိပါတယ်။ ဒါပေမဲ့ လုံးဝမကောက်ယူနိုင်တဲ့ မြို့နယ်များကတော့ တစ်နိုင်ငံလုံးအနေအ ထားမှာ ၆ ပုံ ၁ ပုံ ခန့်သာ ရှိကြောင်း တင်ပြလို ပါတယ်။ မကောက်ယူနိုင်တဲ့ဒေသများမှာရှိ တဲ့ လူဦးရေကို လူဦးရေပညာ၊ remote sensing နည်းပညာ၊ နိုင်ငံတကာအကြံပေး၏ ခန့်မှန်းတွက်ချက်မှု၊ ဌာနဆိုင်ရာစာရင်းအင်း များစတဲ့ အချက်အလက်တွေ အသုံးပြုပြီး တော့ ခန့်မှန်းလူဦးရေစာရင်းကို တွက်ချက် တင်ပြတာ ဖြစ်ပါတယ်”ဟု ဗဟိုသန်းခေါင်စာ ရင်းကော်မရှင် ဥက္ကဋ္ဌ၊ လူဝင်လူမှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။
သန်းခေါင်စာရင်း ကောက်ယူရက်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ သတ်မှတ်ထားသော်လည်း လုံခြုံ ရေးနှင့် လမ်းပန်းဆက်သွယ်ရေးအခြေအနေ များကြောင့် အချို့မြို့နယ်များတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်အထိ ရက်တိုးမြှင့် ကောက်ယူခြင်းနှင့် နောက်ကျသန်းခေါင် စာရင်းကောက်ယူခြင်းတို့ ရှိခဲ့သည်။
သန်းခေါင်စာရင်း မကောက်ယူနိုင်သည့် ဒေသများအတွက် လူဦးရေခန့်မှန်းခြင်းလုပ်ငန်းကို
Earth Remote Sensing(ERS) နည်း ပညာနှင့် GIS နည်းပညာတို့ကို ပေါင်းစပ်အသုံးပြု၍ ဆောင်ရွက်ခဲ့ကြောင်း လူဝင်လူမှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကို တွေ့ ရှိရာအရပ်၌ ကောက်ယူသည့်မူ (de facta Method) ဖြင့် ကောက်ယူခဲ့ပြီး စာရင်းကောက်ယူသည့်နည်းလမ်းသည် စာရင်းကောက်များ က မိမိတို့တာဝန်ကျရာ စာရင်းကောက်ကွက် အတွင်း တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် mobile tabletများဖြင့် ကွန်ပျူတာ အထောက်အကူပြု လူတစ်ဦးချင်းကောက်ယူ သည့်စနစ် (Computer Assisted Personal Interviewing- CAPI) ) နှင့် ကောက်ယူခဲ့ခြင်း လည်း ဖြစ်သည်။
လူဦးရေ ဘယ်လောက်ရှိသလဲ
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်း အရာသန်းခေါင်စာရင်း ရှေ့ပြေးလူဦးရေစာ ရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်း ကျော် ရှိသည်။
ထိုစာရင်းတွင် သန်းခေါင်စာရင်း ကောက်ယူရရှိသည့် လူဦးရေ ၃၂ သန်းကျော် နှင့် စာရင်းမကောက်နိုင်သည့် ဒေသများအ တွက် ခန့်မှန်းလူဦးရေ ၁၉ သန်းကျော် ပါဝင် သည်။
“၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်း သန်းခေါင်စာရင်းမှရရှိတဲ့ မြန်မာနိုင်ငံအ တွင်းမှာရှိတဲ့ လူဦးရေကတော့ ၅၁ç၃၁၆ç၇၅၆ ဦးဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါတယ်။ အဲဒီစာရင်းမှာ မြေပြင်သန်းခေါင်စာရင်း ကောက်ယူရရှိတဲ့ လူဦးရေက ၃၂,၁၉၁,၄၀၇ ဦးဖြစ်ပြီး စာရင်းမကောက်ယူနိုင်တဲ့ ဒေသ များအတွက် လူဦးရေပညာအရ စိစစ်ရရှိတဲ့ လူဦးရေကတော့ ၁၉,၁၂၅,၃၄၉ ဦး ဖြစ်ပါ တယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။
ထိုသို့ကောက်ယူရရှိသည့် စာရင်းအရ အမျိုးသမီး ဦးရေသည် အမျိုးသားဦးရေထက် ပိုများနေသည်ကို တွေ့ရသည်။
၂၀၂၄ ခုနှစ် ရှေ့ပြေးသန်းခေါင်စာ ရင်းအရ မြန်မာနိုင်ငံတွင် အမျိုးသားဦးရေ သည် ၁၅ သန်းကျော်ရှိပြီး အမျိုးသမီးဦးရေ သည် ၁၇ သန်းကျော်ရှိသည်။ ထို့ကြောင့် အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် နှစ်သန်းနီးပါး ပိုများနေသည်ကို တွေ့ရသည်။
“အမျိုးသား ၁၅,၁၀၅,၂၁၅ ဦးနဲ့ အမျိုး သမီး ၁၇,၀၈၆,၁၉၂ ဦး ရှိတဲ့အတွက် အမျိုး သမီးအရေအတွက် ပိုများနေတာကို တွေ့ရပါ တယ်။ အမျိုးသား ၄၆ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး အမျိုးသမီး ၅၃ ဒသမ ၁ ရာခိုင်နှုန်းရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထို့ကြောင့် ၂၀၂၄ ခုနှစ် ရှေ့ပြေးသန်း ခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် ကျား/မ ပါဝင်မှုအချိုးကို လေ့လာကြည့်မည်ဆိုပါက တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အမျိုး သမီး ၁၀၀ တွင် အမျိုးသား ၈၈ ဦးသာရှိသည် ကို တွေ့ရသည်။
သို့သော် ကယားပြည်နယ်တွင်မူ စစ် ဘေးရှောင်ရသည့် အခြေအနေများကြောင့် ကျား/မ ပါဝင်မှုအချိုးတွင် အမျိုးသားဦးရေ က အမျိုးသမီးထက် ပိုများနေသည်။
“တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် လေ့လာကြည့်မယ်ဆိုရင် ကယားပြည်နယ် တစ်ခုတည်းသာ ထူးထူးခြားခြား စစ်ဘေး ရှောင်ရတဲ့ဖြစ်စဉ်တွေ ရှိတဲ့အတွက် အမျိုးသ မီး ၁၀၀ မှာ အမျိုးသား ၁၂၀ ရှိနေတာကို တွေ့ ရှိရပါတယ်။ ကျန်တိုင်းဒေသကြီး၊ ပြည်နယ် များမှာတော့ အမျိုးသမီးအရေအတွက်က ပိုများနေတာကို တွေ့ရမှာဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
လျော့ကျသွားတဲ့ လူဦးရေ
မြန်မာနိုင်ငံ၏ လူဦးရေသည် ၁၈၉၁ ခု နှစ် သန်းခေါင်စာရင်းအရ ၇ ဒသမ ၇ သန်း သာရှိခဲ့ပြီး တဖြည်းဖြည်း တိုးမြင့်လာသည်ကို တွေ့ရသည်။
၁၉၀၁ ခုနှစ်တွင် ၁၀ ဒသမ ၅ သန်း၊ ၁၉၂၁ ခုနှစ်တွင် ၁၃ ဒသမ ၂ သန်း၊ ၁၉၇၃ ခုနှစ်တွင် ၂၈ ဒသမ ၉ သန်း၊ ၁၉၈၃ ခုနှစ်တွင် ၃၅ ဒသမ ၃ သန်းအထိ တိုးမြင့်လာသည်။
သို့သော် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ် အကြောင်းအရာ ရှေ့ပြေးသန်းခေါင်စာရင်း အရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော် ရှိသော်လည်း လွန်ခဲ့သည့် ၁၀ နှစ်ကထက် လူဦးရေအနည်းငယ် လျော့ကျသွားသည်ကို တွေ့ရသည်။
လွန်ခဲ့သော ၁၀ နှစ်ဖြစ်သည့် ၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့သော လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ လူဦးရေ ၅၁ ဒသမ ၅ သန်းရှိခဲ့သည်။
၂၀၂၄ ခုနှစ်တွင် ကောက်ယူခဲ့သည့် လူ ဦးရေနှင့် အိမ်အကြောင်းအရာ ရှေ့ပြေးသန်း ခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ ဒသမ ၃ သန်းသာရှိသည့်အတွက် လွန်ခဲ့ သော ၁၀ နှစ်ကထက် လူဦးရေ နှစ်သိန်းခန့် လျော့ကျသွားသည်။
“၂၀၁၄ ခုနှစ်တွင် ၅၁ ဒသမ ၅ သန်း ဖြစ် လာခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်တွင်မူ စာရင်း မကောက်ယူနိုင်တဲ့ ဒေသတွေအတွက် လူဦး ရေ ပညာအရ စိစစ်ရရှိတဲ့ လူဦးရေအပါအဝင် မြန်မာနိုင်ငံရဲ့လူဦးရေက ၅၁ ဒသမ ၃ သန်း ဖြစ်တာမို့ လွန်ခဲ့တဲ့ ၁၀ နှစ်က လူဦးရေထက် အနည်းငယ် လျော့ကျသွားတာကိုတွေ့ရမှာဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးက ပြော ကြားသည်။
ထိုသို့ လူဦးရေ လျော့ကျသွားသော် လည်း မည်သည့်အတွက်ကြောင့် လျော့ကျ သွားသည်ကို မသိရသေးပေ။ လူဦးရေလျော့ ကျလာခြင်း၏ အဓိကအကြောင်းရင်းကို ပင်မ အစီရင်ခံစာ ထုတ်ပြန်ချိန်တွင် လေ့လာဖော် ထုတ်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးက ဆိုထားသည်။











