အစိုးရအေဂျင်စီများအတွင်း လိမ်ညာထားသည့် ဒေါ်လာဘီလျံချီသော ငွေကြေးများကို ရှာဖွေရာတွင် အီလွန်မာ့စ်က ကူညီပေးလိမ့်မည်ဟု ဒေါ်နယ်ထရန့် ပြောကြား

အစိုးရအေဂျင်စီများအတွင်း လိမ်ညာထားသည့် ဒေါ်လာဘီလျံချီသော ငွေကြေးများကို ရှာဖွေရာတွင် အီလွန်မာ့စ်က ကူညီပေးလိမ့်မည်ဟု ဒေါ်နယ်ထရန့် ပြောကြား
၂၀၂၄ ခုနှစ် အောက်တိုဘာ ၅ ရက်က ဘတ်တလာမြို့တွင်ပြုလုပ်သည့် ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးပွဲတွင် အီလွန်မာ့စ် (ဝဲ) နှင့် ဒေါ်နယ်ထရန့်တို့ကို တွေ့ရစဉ် (Photo: AFP)
၂၀၂၄ ခုနှစ် အောက်တိုဘာ ၅ ရက်က ဘတ်တလာမြို့တွင်ပြုလုပ်သည့် ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးပွဲတွင် အီလွန်မာ့စ် (ဝဲ) နှင့် ဒေါ်နယ်ထရန့်တို့ကို တွေ့ရစဉ် (Photo: AFP)
Published 10 February 2025

အစိုးရအေဂျင်စီများအတွင်း လိမ်ညာထားသည့် ဒေါ်လာဘီလျံချီသည့် ငွေကြေးများကို ရှာဖွေရာတွင် အီလွန်မာ့စ်ကကူညီပေးလိမ့်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဖေဖော်ဝါရီ ရက်တွင် ပြောကြား ခဲ့သည်။

ထရန့်သည် Fox News သတင်းဌာနနှင့် အင်တာဗျူးပြုလုပ်ချိန်က အမေရိကန်ပြည်သူများသည် ဖြုန်းတီးခံနေရသည့် ငွေကြေးများကို ရှာဖွေစေလိုကြောင်းနှင့် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး သမ္မတ၏ အသုံးစရိတ်လျှော့ချဖြတ်တောက်မှု အားထုတ်ကြိုးပမ်းမှုများကို ကူညီပေးနေသည့်မာ့စ်သည် မလိုအပ်သည့် ငွေကြေးသုံးစွဲမှုများကို အမြစ်ဖြတ်တိုက်ဖျက်ရာတွင် ကြီးမားသည့်အထောက်အကူရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ကျွန်တော်တို့က ဘီလျံနဲ့ချီပြီး ရှာဖွေနေတာပါ။ လိမ်ညာခံရတဲ့၊ အလွဲသုံးခံရတဲ့ ဘီလျံ ရာနဲ့ချီတဲ့ဒေါ်လာတွေကို ရှာနေတာပါ။ ဒါတွေကိုလုပ်ဖို့ လူထုက ကျွန်တော့်ကို ရွေးကောက်တင်မြှောက်ခဲ့တယ်ဆိုတာကို ခင်ဗျားတို့လည်းသိပါတယ်ဟု ထရန့်က Fox News Channel အစီအစဉ်တင်ဆက်သူ ဘရက်ဘိုင်ယာအား ပြောကြားခဲ့သည်။

ထရန့်သည် သမ္မတအဖြစ်ရုံးထိုင်သည့် ပထမဆုံးသီတင်းသုံးပတ်အတွင်း ဖက်ဒရယ် အသုံးစရိတ် လျှော့ချရေးကိုရည်ရွယ်သည့် သမ္မတအုပ်ချုပ်ရေးအမိန့်များကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ထရန့်က Space X နှင့် Tesla ကုမ္ပဏီများကိုပိုင်ဆိုင်သည့် မာ့စ်ကိုအစိုးရအကျိုးဆောင်ဌာန(DOGE) ဟုအမည်ပေးထားသည့် ဌာနတစ်ခုတွင် အကြီးအကဲအဖြစ်ခန့်အပ်ခဲ့သည်။

ထရန့်က အဆုံးသတ်သင့်သည် သို့မဟုတ် လျှော့ချသင့်သည်ဟု ယူဆထားသည့် အစိုးရစီမံကိန်းအချို့ကို ၎င်းင်း၏အစိုးရအဖွဲ့က မီးမောင်းထိုးပြသခဲ့သော်လည်း ထိုစီမံကိန်းများတွင် တရားမဝင်လှုပ်ရှားမှုများသို့ မဟုတ်လိမ်ညာမှုများရှိနေသည်ဆိုသည့် သက်သေအထောက်အထားများကိုမူ တင်ပြခဲ့ခြင်းမရှိပေ။

မာ့စ်သည် အမေရိကန်၏ နိုင်ငံတကာ အကူအညီပေးရေးအေဂျင်စီ(USAID)အား ပိတ်ရန်မကြုံစဖူး လုပ်ဆောင်ချက်များကို ချမှတ်လုပ်ဆောင်ခဲ့ပြီး ထောင်နှင့်ချီသည့် ဝန်ထမ်းများကို ဖယ်ရှားလျက်ရှိသည်။

ဖေဖော်ဝါရီ ရက်ကမူ ဖက်ဒရယ် တရားသူကြီးတစ်ဦးက USAID ဝန်ထမ်း ၂၂၀၀ ကို လစာနှင့်ခွင့်ပေးရန် ပြင်ဆင်နေသည့် ထရန့်အစိုးရအဖွဲ့၏ အစီအစဉ်ကို ယာယီဆိုင်းငံ့ရန် အမိန့်ထုတ်ပြန်ခဲ့သည်။

Fox News နှင့်ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင်မူ ထရန့်က ဒေါ်လာသန်းရာချီရှိသည့် ငွေကြေးများသည် မသုံးသင့်သည့်နေရာကို ရောက်ရှိနေကြောင်း ပြောကြားခဲ့သည်။

လာမည့်ရက်ပိုင်းအတွင်း ပညာရေးဝန်ကြီးဌာနကို အာရုံစိုက်ကိုင်တွယ်ရန် မာ့စ်အား အမိန့်ပေးသွားမည်ဟုလည်း ထရန့်က ပြောကြားခဲ့သည်။

ပြီးရင်တော့ ကျွန်တော်က စစ်တပ်ကို စိစစ်သွားမှာပါဟု ထရန့်က ပြောသည်။ ဘတ်ဂျက် ဒေါ်လာ ၈၅၀ ဘီလျံရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်ကို ပြန်လည်စိစစ်ရန်အတွက် ထရန့်က ထပ်တ လဲပြောဆိုခဲ့သည်။

ထို့ပြင်အမေရိကန်သည် ကနေဒါနိုင်ငံကို တစ်နှစ်လျှင် ဒေါ်လာ ၂၀၀ ဘီလျံနီးပါး  လက်လွှတ်ပေးနေရသဖြင့် ကနေဒါကို အမေရိကန်၏ ၅၁ ခုမြောက်ပြည်နယ်ဖြစ်စေရန် သွတ်သွင်းမည့်အစီအစဉ်ကိုလည်း ထရန့်က ပြောဆိုခဲ့သည်။                                

Ref: AFP

Most Read

Most Recent