ထိုင်ဝမ်တွင် ငါးနှစ်အတွင်း ပထမဆုံးအကြိမ် ကွပ်မျက်မှုပြုလုပ်ခဲ့ပြီး ယင်းလုပ်ရပ်အပေါ် လူ့အခွင့်အရေး အဖွဲ့များက ဝေဖန်ခဲ့ကာ ထိုင်ဝမ်ကျွန်းပေါ်ရှိ လူ့အခွင့်အရေးအတွက် အလွန်ဆိုးရွားသော လုပ်ရပ်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
သေဒဏ်ချမှတ်ထားသော အသက် ၃၂ နှစ်အရွယ် အကျဉ်းသားဟွမ်လင်ကိုင်ကို ဇန်နဝါရီ ၁၆ ရက်က သေနတ်ဖြင့် ပစ်ခတ်ကွပ်မျက်ခဲ့သည်။
သူသည် ၂၀၁၇ ခုနှစ်က ၎င်း၏ရည်းစားဟောင်းနှင့် ရည်းစားဟောင်း၏မိခင်ဖြစ်သူတို့ကို လည်ပင်းညှစ် သတ်ခဲ့သည့်အတွက် သေဒဏ်ချမှတ်ခံရခြင်း ဖြစ်သည်။
တရားရေးဝန်ကြီးဌာနကမူ ဟွမ်၏ ရာဇဝတ်မှုသည် ရက်စက်ပြီး နှလုံးသားကင်းမဲ့ကာ လူသားမဆန်ဘဲ အလွန်ကြောက်စရာကောင်းကြောင်း ပြောကြားခဲ့သည်။
ထိုင်ဝမ်သည် အာဏာရှင်စနစ်မှ အာရှ၏အတိုးတက်ဆုံး ဒီမိုကရေစီအဖြစ်သို့ ပြောင်းလဲခဲ့သော်လည်း ထိုင်ဝမ်ပြည်သူအများစုသည် သေဒဏ်ချမှတ်ခြင်းကို ဆက်လက်ထောက်ခံလျက်ရှိသည်ဟု စစ်တမ်းကောက်ယူမှုများ၌ ဖော်ပြထားသည်။
၂၀၁၀ ပြည့်နှစ်က သေဒဏ်ချမှတ်သည့် ဥပဒေကို ဆိုင်းငံ့မှုအား ရုပ်သိမ်းခဲ့ပြီးနောက်ပိုင်း ထိုင်ဝမ်တွင်အကျဉ်း သား ၃၆ ဦးကို ကွပ်မျက်ခဲ့သည်။
ဇန်နဝါရီ၁၆ ရက်က ကွပ်မျက်မှုသည် ၂၀၂၄ ခုနှစ်မေလတွင် သမ္မတလိုင်ချင်တယ် တာဝန်စတင်ထမ်း ဆောင်ပြီးနောက် ပထမဆုံးအကြိမ် ကွပ်မျက်မှု ဖြစ်သည်။
Ref:AFP















