ဟိုင်းဟိုင် - စတုဂတ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၅ ရက် ည ၉:၀၀ နာရီ)
ဟိုင်းဟိုင်အသင်း ဘွန်ဒစ်လီဂါအိမ်ကွင်း(၅)ပွဲဆက် နိုင်ပွဲပျောက်ထားတယ်။ ဒီပွဲလည်း အနိုင်မရနိုင်ပေမဲ့ ဟိုင်းဟိုင် သရေမျှော်လင့်လို့ရတယ်။
ဒေါ့မွန် - ဟော်ဖန်ဟင်မ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၅ ရက် ည ၁၁:၀၀ နာရီ)
ဒေါ့မွန်အသင်းရဲ့အိမ်ကွင်းနိုင်ပွဲဆက်နေမှု ဘိုင်ယန်နဲ့အတွေ့မှာ ရပ်တန့်သွားခဲ့တယ်။ ဒါပေမဲ့ အိမ်ကွင်းစွမ်းဆောင်ရည်ကတော့ လျော့ကျသွားမယ် မထင်ဘူး။ ဒေါ့မွန်ဘက်ကပဲ ရပ်တည်သင့်တယ်။
လိုက်ပ်ဇစ် - ဖရန့်ဖတ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၆ ရက် နံနက် ၁:၀၀ နာရီ)
မကြာသေးခင်က ဂျာမန်ဖလားပွဲမှာ ဆုံတွေ့ခဲ့ပြီး အိမ်ရှင် လိုက်ပ်ဇစ်အသင်းက ဂိုးပြတ်အနိုင်ယူခဲ့တယ်။ လတ်တလော ရလဒ်ပိုင်းမှာတော့ ဖရန့်ဖတ်အသင်းက အပြတ်အသတ်သာနေတာ တွေ့ရတယ်။ ဒါပေမဲ့ လိုက်ပ်ဇစ်အသင်း နိုင်ပွဲပြန်ရထားတဲ့အပြင် ချန်ပီယံလိဂ်ကပါ ထွက်လိုက်ရပြီဖြစ်လို့ ပြည်တွင်းပွဲတွေကို လုံးလုံးလျားလျား အာရုံပြန်စိုက်ခွင့်ရတော့မယ့် အခြေအနေကိုလည်း သတိပြုရမှာပါ။ နှစ်သင်းစလုံး ဥရောပပွဲတွေ ကစားခဲ့ရပေမဲ့ ဖရန့်ဖတ်အသင်းက လိုက်ပ်ဇစ်အသင်းထက် နားရက်နှစ်ရက်လောက် နည်းခဲ့ပါတယ်။ လိုက်ပ်ဇစ်ပဲ အနိုင်ရဖို့ များတယ်။















