တေးထုတ်လုပ်သူ ဘန်နီဘလန်ကိုနှင့်တွဲနေသည့် ဆလီနာဂိုးမတ်ဇ်က အင်စတာဂရမ်တွင် စေ့စပ်လက်စွပ်ကို ထုတ်ကြွားလာ

တေးထုတ်လုပ်သူ ဘန်နီဘလန်ကိုနှင့်တွဲနေသည့် ဆလီနာဂိုးမတ်ဇ်က အင်စတာဂရမ်တွင် စေ့စပ်လက်စွပ်ကို ထုတ်ကြွားလာ
Photo: Page Six
Photo: Page Six
Published 12 December 2024

တေးထုတ်လုပ်သူ ဘန်နီဘလန်ကိုနှင့် ဆလီနာဂိုးမတ်ဇ်တို့ ချစ်သူဆက်ဆံရေးတစ်နှစ်ကျော်ကြာလာပြီးနောက် ဒီဇင်ဘာ ၁၁ ရက်ညပိုင်းတွင် ဆလီနာက အင်စတာဂရမ်တွင် ၎င်း၏စေ့စပ်လက်စွပ်ကို ထုတ်ကြွားလာခဲ့သည်။

စိန်လက်စွပ်ကိုပြသည့် ဓာတ်ပုံများနှင့်အတူ “ ထာဝရဆိုတာ ခုချိန်ကနေ စပြီ”ဟု ဆလီနာကရေးထားသေးသည်။ မြက်ခင်းပြင်တွင် ဆလီနာကထိုင်လျက် လက်စွပ်ကိုကြည်နူးစွာကြည့်နေပုံ ၊ ချစ်သူက ၎င်း၏နဖူးကိုနမ်းနေပုံများလည်း တင်ထားသည်။ထိုပို့စ်အောက်တွင် ချစ်သူဘလန်ကိုက “ အဲဒါငါ့မိန်းမ”ဟု မှတ်ချက်လာပေးထားသည်။

ဘလန်ကိုသည် ဂျက်စတင်ဘီဘာ၏ သူငယ်ချင်းလည်းဖြစ်ပြီး ဘီဘာနှင့်ဂိုးမတ်ဇ်တို့ စမတွဲမီ တစ်နှစ်အလို ၂၀၀၉ ခုနှစ်ကတည်းက ဘီဘာနှင့်ရင်းနှီးနေကြသည်။ ဂိုမတ်ဇ်၏မိသားစုကလည်း ၎င်းတို့နှစ်ဦးကို သဘောတူ ကြသည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာတွင် ၎င်းတို့  တွဲနေကြောင်းကို အသိပေးခဲ့စဉ်က ဘလန်ကိုသည် ၎င်းအတွက် အရာရာ။ ၎င်းတွဲခဲ့သမျှ လူအားလုံးထက်သာသည်ဟု ဆလီနာက ချီးမွမ်းခဲ့သည်။ချစ်သူမဖြစ်မီကတည်းက ၎င်းတို့ချင်း ရင်းနှီးကြပြီး အလုပ်တွဲလုပ်ခဲ့ကြသည်။

သတင်းပေးအချို့အဆိုအရ ဘလန်ကိုသည် လေးစားစရာကောင်းသူ ၊ မပွေရှုပ်တတ်သူ၊ ကျော်ကြားမှုကို မမက်မောသူဖြစ်ပြီး ဆလီနာကလည်း ထိုအချက်များကိုသိ၍ ချစ်သူအပေါ် ယုံကြည်မှုပိုနေသည်။

ဘလန်ကိုသည်  BTS ၊ အက်ရှီရန် ၊ ဂျက်စတင်ဘီဘာ ၊ The Weeknd ၊ အာရီယန်နာ ဂရန်ဒီ၊ ဘရစ်တနီစပီးယား၊ ဟယ်လ်ဆီ၊ ကမီလာကဘယ်လိုအပါအဝင် နာမည်ကျော် အဆိုတော်များစွာနှင့် လက်တွဲခဲ့သူဖြစ်သည်။

အင်တာဗျူးတစ်ခုတွင် ဆလီနာက ဂျက်စတင်ဘီဘာနှင့်ပြတ်သွားခြင်းသည် ၎င်းကို ပြောင်းလဲစေခဲ့သည်ဟု ဝန်ခံဖူးသည်။ “အဲဒါက ကျွန်မကို အဓိပ္ပါယ်မရှိတာ ၊ လေးစားမှုမရှိတာတွေကို ခေါင်းငုံ့မခံတော့တဲ့လူတစ်ဦး ဖြစ်အောင် ပြောင်းလဲပေးလိုက်တာ။ တကယ့်ကိုမလွယ်ကူတဲ့  လမ်းခွဲမှုကို ကျွန်မဖြတ်သန်းခဲ့ရတာ”ဟု ဆလီနာကပြောခဲ့သည်။ ဘီဘာက ဆလီနာနှင့် ၂၀၁၈ ခုနှစ်တွင်လမ်းခွဲခဲ့ပြီး လပိုင်းအကြာတွင် မော်ဒယ်ဟေလီဘီဘာနှင့် လက်ထပ်လိုက်သည်။ ယခုဟေလီကသားလေးမွေးထားပြီး ကလေးကိုဂျက်ဘလူးစ်ဘီဘာဟု နာမည်ပေးထားသည်။ဘလန်ကိုသည် ဆလီနာ၏ ၂၀၁၉ ခုနှစ် ကထွက်သည့် I Can’t Get Enough အမည်ရှိ သီချင်းဗီဒီယိုတွင် ဆလီနာနှင့်တွဲသရုပ်ဆောင်ထားသည်။ 

Most Read

Most Recent