■ လာလီဂါပွဲစဉ် (၁၄) ပွဲကြိုသုံးသပ်ချက်
ဂီတာဖေး - ဗယ်လာဒိုလစ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၃ ရက် နံနက် ၂:၃၀ နာရီ)
ဗယ်လာဒိုလစ်က အစဉ်အလာအရတော့ ဂီတာဖေးကို တစ်ဘက်သက်အသာရတတ်တဲ့အသင်းလိုဖြစ်နေတယ်။ ဗယ်လာဒိုလစ်အဝေးကွင်းအားနည်းတတ်ပေမယ့်လည်း ဒီရာသီ ဂီတာဖေးရဲ့ အိမ်ကွင်းခြေစွမ်းကလည်း အားရစရာမရှိပါဘူး။ အထူးသဖြင့် တိုက်စစ်အားလျော့လွန်းသလိုဖြစ်နေတာက ဗယ်လာဒိုလစ်အတွက် အမှတ်ရဖို့အခွင့်အရေးဖြစ်သွားနိုင်တယ်။ ဂိုးနည်းသရေပွဲပဲ မှန်းထားချင်တယ်။
■ ဘွန်ဒစ်လီဂါပွဲစဉ် (၁၁) ပွဲကြိုသုံးသပ်ချက်
ဘိုင်ယန်မြူးနစ် - အော့စ်ဘတ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၃ ရက် နံနက် ၂:၀၀ နာရီ)
ဘိုင်ယန်မြူးနစ်အသင်းက ပြိုင်ပွဲစုံ (၅)ပွဲဆက်တိုက် အနိုင်ကစားထားတယ်။ ပေးဂိုးလည်း လုံးဝမရှိခဲ့ဘူး။ ဒါပေမဲ့ ဒီပွဲပြီးရင် PSG၊ ဒေါ့မွန်၊ လေဗာကူဆင်တို့နဲ့ ပွဲကျပ်တွေဆက်တိုက် ကစားရမယ့် အခြေအနေက နည်းပြ ကွန်ပနီအနေနဲ့ အဓိကကစားသမားတချို့ကို အနားပေးထားနိုင်တာ ထည့်တွက်ရမယ်။ အော့စ်ဘတ်ရဲ့ လတ်တလောရလဒ်ပိုင်း မဆိုးပါဘူး။ ဘိုင်ယန် (၃)ဂိုးပြတ်ဖို့ ခက်နိုင်တယ်။
■ ပြင်သစ်လီဂူးပွဲစဉ် (၁၂) ပွဲကြိုသုံးသပ်ချက်
မိုနာကို - ဘရက်စ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၂ ရက် ည ၁၂:၀၀ နာရီ)
မိုနာကိုကတော့ ချန်ပီယံမျှော်လင့်ချက်အတွက် အလျှော့ပေးဦးမယ်မထင်ပါဘူး။ အိမ်ကွင်းကစားရမှာဖြစ်လို့လည်း နိုင်ပွဲအတွက် သေချာပေါက်ပြင်ဆင်လာမှာပါ။ ဘရက်စ်ကတော့ အဝေးကွင်းမှာ အမှတ်ရဖို့အတွက် ခံစစ်ကိုအဓိကပြင်ဆင်လာဖို့ရှိနေပြီး မိုနာကိုတိုက်စစ် ဘယ်လောက်အလုပ်ဖြစ်မလဲဘဲ စောင့်ကြည့်ရမှာပါ။ မိုနာကိုပဲ ကပ်နိုင်သွားဖို့ ရှိနေတယ်။
PSG - တူးလူး (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၃ ရက် နံနက် ၂:၀၀ နာရီ)
PSG ကတော့ ဒီပွဲပြီးရင်ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲကျပ်ကစားရဖို့ရှိနေပြီး အဲဒီပွဲအပေါ် အာရုံပိုရောက်နေနိုင်တယ်။ ဒါ့ပြင် နိုင်ငံတကာပွဲအပြီးကစားရမယ့်ပွဲစဉ်ဖြစ်လို့ ပွဲဆက်နေတဲ့ PSG ကစားသမားတွေခြေကုန်ထုတ်ဖို့ ခက်ပါလိမ့်မယ်။ တူးလူးက နိုင်ငံတကာပွဲတွေမတိုင်မီ နောက်ဆုံးကစားခဲ့တဲ့ (၃)ပွဲဆက်ကို ပေးဂိုးမဲ့ရလဒ်တွေနဲ့ ဆက်တိုက်အနိုင်ရရှိခဲ့ပြီး ခြေစွမ်းလည်းတည်ငြိမ်နေပါတယ်။ ဒါကြောင့် အိမ်ကွင်းဆိုပေမယ့် PSG အတွက် လွယ်ကူမယ်မထင်ပါဘူး။ ခြေစွမ်းရော၊ စိတ်ပိုင်းဆိုင်ရာပါ ယုံကြည်မှုပိုမြင့်နေတဲ့ တူးလူးနဲ့ ဂိုးအနည်းပဲ ရွေးထားချင်တယ်။