■ လာမည့်(၅)နှစ်အတွက် ဟာလန်းကို ပေါင်သန်း(၁၀၀)ဖြင့် သက်တမ်းတိုးစာချုပ်သစ်ချုပ်ဆိုရန် မန်စီးတီးအသင်း စီစဉ်နေ     

■ လာမည့်(၅)နှစ်အတွက် ဟာလန်းကို ပေါင်သန်း(၁၀၀)ဖြင့် သက်တမ်းတိုးစာချုပ်သစ်ချုပ်ဆိုရန် မန်စီးတီးအသင်း စီစဉ်နေ     
Photo: Getty Images
Photo: Getty Images
Published 22 November 2024

မန်စီးတီးအသင်းသည် နော်ဝေတိုက်စစ်မှူး ဟာလန်းကို လာမည့် (၅)နှစ်အတွက် ပေါင်သန်း(၁၀၀)ဖြင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။

    

မန်စီးတီးအသင်းသည် ဟာလန်း(၂၄ နှစ်)ကို ၂၀၂၂ နွေရာသီ တွင် ဒေါ့မွန်အသင်းထံမှ ခေါ်ယူခဲ့ပြီး ၂၀၂၇ ခုနှစ်အထိ စာချုပ် ချုပ်ဆိုခဲ့ သည်။ 

၎င်းသည် မန်စီးတီးအသင်း တွင် အကောင်းဆုံးခြေစွမ်းပြနေပြီး လက်ရှိအချိန်၌ လာလီဂါထိပ်သီးအသင်းများဖြစ်သည့် ရီးယဲလ်မက်ဒရစ် နှင့် ဘာစီလိုနာအသင်းတို့၏ ပစ်မှတ်ကစားသမားဖြစ်နေသည့်အပြင်၊ ကစားသမားကိုယ်တိုင်ကလည်း လာလီဂါတွင် ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေသည့်အတွက် မန်စီးတီးအသင်းက သက်တမ်းတိုးစာချုပ်ချုပ်ဆို၍ ထိန်းသိမ်းထားရန် ရည်ရွယ်နေခြင်းဖြစ်ကြောင်း သိရသည်။ 

မန်စီးတီးအသင်းသည် မူလက ဟာလန်းအား တစ်ပတ်လစာပေါင်(၅၀၀၀၀၀)အထိ တိုးမြှင့်ပေး၍ စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သတင်းထွက်ခဲ့သော်လည်း ယခုအခါ အပိုဆုကြေး များမပါဝင်မီ တစ်နှစ်လျှင် ပေါင်သန်း (၂၀)ရရှိစေမည့် လစာနှုန်းထားဖြင့် (၅)နှစ်စာချုပ် ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်ကြောင်း The Sun က ဖော်ပြခဲ့သည်။ 

    

မန်စီးတီးအသင်းသည် နည်းပြ ဂွါဒီယိုလာကို (၂)နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့ပြီးနောက် တိုက်စစ်မှူး ဟာလန်းအား နှစ်ရှည်သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ရန် အရှိန်အဟုန်မြှင့် ကြိုးပမ်းနေကြောင်းလည်း The Sun  က ဖော်ပြခဲ့သည်။