ရုရှားသမ္မတပူတင်က မြောက်ကိုရီးယားကို ခြင်္သေ့၊ ဝက်ဝံနှင့် အခြားတိရစ္ဆာန်များ လက်ဆောင်ပေး

ရုရှားသမ္မတပူတင်က မြောက်ကိုရီးယားကို ခြင်္သေ့၊ ဝက်ဝံနှင့် အခြားတိရစ္ဆာန်များ လက်ဆောင်ပေး
Photo: KCNA
Photo: KCNA
Published 21 November 2024

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ရုရှားနှင့်မြောက်ကိုရီးယားအကြား ခင်မင်ရင်းနှီးမှု၏သင်္ကေတတစ်ခုအဖြစ် မြောက်ကိုရီးယားကို ခြင်္သေ့တစ်ကောင်၊ ဝက်ဝံနှစ်ကောင်အပါအဝင် ဒါဇင်နှင့်ချီသည့် တိရစ္ဆာန် များလက်ဆောင်ပေးခဲ့ကြောင်း ရုရှားအရာရှိများက နိုဝင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားက ယူကရိန်းကို စစ်ပွဲဆင်နွှဲပြီးကတည်းက ရုရှားနှင့်မြောက်ကိုရီးယားသည် နိုင်ငံရေး၊ စစ်ရေးနှင့် ယဉ်ကျေးမှုဆက်ဆံရေး များတိုးမြှင့်ခဲ့ကာ ပူတင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့သည် ရဲဘော်ရဲဘက်များအဖြစ် မကြာခဏ အမွှမ်းတင်ပြောဆိုခဲ့ကြသည်။

“မော်စကိုတိရစ္ဆာန်ရုံထဲက အာဖရိကခြင်္သေ့တစ်ကောင်၊ ဝက်ဝံညိုနှစ်ကောင်၊ ရုရှားအမွေးထူနွားနှစ်ကောင်၊ အဖြူရောင်ကတ္တဝါနှစ်ကောင်၊ ဒေါင်း ၂၅ ကောင်နဲ့ မန်ဒရင်းမျိုးစိတ်ဘဲအကောင် ၄၀ ကို ပြုံယမ်းတိရစ္ဆာန်ရုံကို လွှဲပြောင်းပိုပဆောင်ခဲ့ပါတယ်”ဟု ရုရှား၏ သဘာဝသယံဇာတဝန်ကြီးဌာနက Telegram တွင် ရေးသားခဲ့သည်။

ပူတင်သည် ယခင်ကလည်း ကင်ဂျုံအွန်နှစ်သက်သည့် မျိုးကောင်းမျိုးသန့် မြင်း၂၄ ကောင်ကို လက်ဆောင်ပေးခဲ့ပြီး ကင်ကလည်း ပူတင်ကို မြောက်ကိုရီးယားမျိုးစိတ် ခွေးနှစ်ကောင် လက်ဆောင်ပေးခဲ့သည်။

Ref: AFP

Most Read

Most Recent