ဒေါ်နယ်ထရန့်ကအစိုးရအဖွဲ့သစ်အတွက်လူသစ်များကိုကြေညာရာတွင်ဖလော်ရီဒါအထက်လွှတ်တော်အမတ် တရုတ်ကိုရန်လိုသောသဘောထားရှိသူမာကိုရူဘီယိုကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်မည်ဟု မျှော်လင့်ရ

ဒေါ်နယ်ထရန့်ကအစိုးရအဖွဲ့သစ်အတွက်လူသစ်များကိုကြေညာရာတွင်ဖလော်ရီဒါအထက်လွှတ်တော်အမတ် တရုတ်ကိုရန်လိုသောသဘောထားရှိသူမာကိုရူဘီယိုကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်မည်ဟု မျှော်လင့်ရ
Published 12 November 2024

အမေရိကန် ရွေးကောက်ခံသမ္မတဒေါ် နယ်ထရန့်သည် ၎င်း၏အစိုးရအဖွဲ့သစ်အ တွက် အဖွဲ့ဝင်သစ်များကို နိုဝင်ဘာ ၁၁ ရက်တွင်ကြေညာခဲ့ရာ ဖလော်ရီဒါအထက်လွှတ် တော်အမတ်မာကိုရူဘီယိုကို နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ရွေးချယ်မည်ဟု မျှော်လင့်ရသည်။

အိမ်ဖြူတော်အဖွဲ့သစ်အတွက် ၎င်း၏ ရွေးချယ်မှုများသည် ထင်မြင်ချက် အများအ ပြားပေးခြင်းခံရသည့်အကြောင်းအရာဖြစ် နေသည့်အပြင် စေ့စေ့စပ်စပ် စောင့်ကြည့် ခံရသည့် အကြောင်းအရာဖြစ်သည်။ ဒုတိယ သက်တမ်းအတွင်း ဖက်ဒရယ်အစိုးရအဖွဲ့ကို အခြေခံကျကျ ပြောင်းလဲမှုများလုပ်မည်ဟု ထရန့်က ကတိပေးထားသည်။

အသက် ၇၈ နှစ်အရွယ် ရီပတ် ဘလီကင် ဒေါ်နယ်ထရန့်က ၎င်းသမ္မတဖြစ်သည့် ပထမဆုံးနေ့တွင်ပင် စာရွက်စာတမ်း အထောက်အထားမပါသော ရွှေ့ပြောင်းများကို အမေရိကန်သမိုင်းတွင် အကြီးမားဆုံး ပြန်ပို့မှုကို လုပ်ဆောင်သွားမည်ဟု ကတိပေးထားခဲ့သည်။

ထို့ကြောင့် ထရန့်က လာတော့မည့်အစိုးရအဖွဲ့တွင် နိုင်ငံ၏နယ်စပ်များကို ကြီး ကြပ်ရန်သဘောထားတင်းမာသောလူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူ တွမ်ဟိုးမန်းကို ပြန်လည်ခန့်အပ်လိုက်သည်ဟု နိုဝင်ဘာ ၁၀ ရက် ညပိုင်းတွင် ၎င်း၏ Truth Social ၌ ပို့စ်တင်ခဲ့သည်။  

နိုင်ငံခြားရေး မူဝါဒအတွက် ထရန့်က ဖလော်ရီဒါအထက်လွှတ်တော်အမတ် ရူဘီ ယို ကို ခန့်အပ်ရန်ရှိနေသည်ဟု နယူးယောက် တိုင်း(မ်)သတင်းစာက ဖော်ပြခဲ့သည်။ ထရန့် သည် ရူဘီယိုကို ၎င်းင်း၏ဒုတိယသမ္မတအဖြစ် စဉ်းစားခဲ့သည်ဟု ဆိုသည်။ ဖလော်ရီဒါ လွှတ်တော်အမတ် မိုက်ကယ်ဝေါ့ဇ်ကို အမျိုးသား လုံခြုံရေးအကြံပေးရာထူးအတွက် ထရန့်က စဉ်းစားနေသည်ဟု နယူးယောက်တိုင်း(မ်)က ဖော်ပြခဲ့သည်။

၎င်းတို့ နှစ်ဦးစလုံးသည် တရုတ်ကို ရန် လိုသော သဘောထားအမြင်များရှိသူများဖြစ် သည်။ တရုတ်သည် အမေရိကန်စီးပွားရေး နှင့်စစ်အင်အားတို့အတွက် ခြိမ်းခြောက်မှုအ ဖြစ်လည်းကောင်း၊ စိန်ခေါ်မှုအဖြစ်လည်း ကောင်း နှစ်ဦးစလုံးက ရှုမြင်ထားကြသည်။

၎င်းတို့နှစ်ဦးကို ခန့်အပ်မှုများသည် ထရန့်၏အမေရိက ပထမဦးစားပေး နိုင်ငံခြား ရေး မူဝါဒအတွက် အရေးပါသော ဗိသုကာ များဖြစ်လာလိမ့်မည်ဖြစ်သည်။

တက်လာမည့်သမ္မတသည် ယူကရိန်း နှင့် အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပွားနေ သောစစ်ပွဲများကို အဆုံးသတ်သွားအောင် ဆောင်ရွက်မည်ဟု ကတိပေးထားသူဖြစ်ပြီး စစ်ရေး အရှုပ်အရှင်းများတွင် နောက်ထပ် အမေရိ ကန်ပါဝင်ပတ်သက်မှုများကို ရှောင် မည်ဟု ပြောထားသူဖြစ်ရာ ၎င်းင်းခန့်အပ်ရန် စဉ်းစားထားသော ရူဘီယိုနှင့် မိုက်ကယ်ဝေါ့ဇ် တို့သည် အရေးပါသောပုဂ္ဂိုလ်များဖြစ်လာ မည်ဖြစ်သည်။

နယူးယောက် အမျိုးသမီးလွှတ်တော် အမတ် အဲလစ်စတီဖာနစ်သည် ကုလသမဂ္ဂ သံအမတ်အဖြစ် ခန့်အပ်ခံရသည်။ ထရန့်၏ နိုင်ငံရေးသမားဘဝစောစောပိုုင်းက မိတ်ဆွေ ဖြစ်ခဲ့သော လီဇယ်ဒင်သည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်ရေးအေဂျင်စီ(EPA) အကြီးအကဲအဖြစ် ခန့်အပ်ခံရလိမ့်မည်ဟု ခန့်မှန်းခံထားရသည်။ ထရန့် ခန့်အပ်မည့် ပုဂ္ဂိုလ်များသည် အထက်လွှတ်တော်၏အ တည်ပြုချက်ရရှိရန် လိုအပ်မည်ဖြစ်သည်။

 Ref;AFP

         

Most Read

Most Recent