ဖိလစ်ပိုင်မြောက်ပိုင်းတွင် တိုင်ဖွန်းအူဆာဂီ ဝင်ရောက်တိုက်ခတ်မှုကြောင့် လူပေါင်းထောင်နှင့်ချီ ဘေးလွတ်ရာရွှေ့ပြောင်း

ဖိလစ်ပိုင်မြောက်ပိုင်းတွင် တိုင်ဖွန်းအူဆာဂီ ဝင်ရောက်တိုက်ခတ်မှုကြောင့် လူပေါင်းထောင်နှင့်ချီ ဘေးလွတ်ရာရွှေ့ပြောင်း
Photo-AFP
Photo-AFP
Published 14 November 2024

သဘာဝဘေးဒဏ်သင့် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို နိုဝင်ဘာ ၁၄ ရက်က တိုင်ဖွန်း အူဆာဂီ ထပ်မံဝင်ရောက်တိုက်ခတ်ခဲ့ပြီး အာဏာပိုင်များက ကမ်းရိုးတန်းဒေသများရှိလူ ပေါင်းထောင်ချီကို ဘေးလွတ်ရာရွှေ့ပြောင်းပေးရန် အလျင်အမြန်ကြိုးပမ်းခဲ့ကြသည်။

အူဆာဂီသည် ကာဂါရန်ပြည်နယ် ဘက်ဂါအိုမြို့သို့ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး မုန်တိုင်းကြောင့် လေတိုက်နှုန်းမျာ တစ်နာရီလျှင် ၁၀၉ မိုင်နှုန်းရှိကြောင်း အမျိုးသားမိုးလေဝသဌာနက ပြောကြားခဲ့ပြီး တိုင်ဖွန်းအူဆာဂီသည်သီ တင်းပတ်သုံးပတ်အတွင်း ဖိလစ်ပိုင်ကိုဝင်ရောက်တိုက်ခတ်သည့် ပဥ္စမမြောက်မုန်တိုင်းဖြစ်သည်ဟုဆိုသည်။

ပြင်းထန်မိုးလေဝသ ဖြစ်စဉ်များကြောင့်  လူ ၁၅၉ ဦး သေဆုံးခဲ့ပြီးဖြစ်ကာ သဘာဝဘေးဒဏ်ကို အဆိုးဆုံးကြုံတွေ့နေသည့်ဒေသများထံ အကူအညီပေးရန်အတွက်ဒေါ်လာ ၃၂ ဒသမ၉ သန်း တောင်းခံရန် ကုလသမဂ္ဂက နှိုးဆော်ခဲ့သည်။

အမျိုးသားမိုးလေဝသအေဂျင်စီက၎င်း၏ အမြင့်ဆုံးမုန်တိုင်းသတိပေးချက်ကိုအစောပိုင်းက တိုးမြှင့်ခဲ့သော်လည်း အူဆာဂီကုန်းတွင်းပိုင်းကို ဝင်ရောက်လာချိန်၌ ဒုတိယအမြင့်ဆုံးသတိပေးချက်အဖြစ် အဆင့်လျှော့ချခဲ့သည်။

ပြင်းထန်စွာ လေတိုက်ခတ်မှုကြောင့် အချို့အဆောက်အအုံများ ဆိုးဆိုးရွားရွားပျက်စီးနိုင်ပြီး ပျက်စီးနိုင်ခြေနည်းသည်ဟုယူဆထားသော အဆောက်အအုံများတွင်အ နည်းငယ်အပျက်အစီးများရှိလာနိုင်ကာလာမည့် ၁၂ နာရီအတွင်း အပင်ကြီးများအမြစ်မှလဲကျနိုင်ဖွယ်ရှိကြောင်း သတိပေးချက်ထုတ် ပြန်ထားသည်။

“မိုးတော်တော်များနိုင်ပြီး လာမယ့်နှစ်ရက်အတွင်းအသက်အန္တရာယ်ခြိမ်းခြောက်နိုင်ဖွယ်ရှိတဲ့ ကမ်းရိုးတန်းလှိုင်းအမြင့်ဟာ ကိုးပေ(သုံးမီတာ)အထိ ရှိနိုင်ပါတယ်”ဟု၎င်းက ဆိုသည်။

အရေးပေါ်ငွေကြေးအကူအညီပေးရန် မုန်တိုင်းဒဏ်သင့်နေရာများကို သွားရောက်ခဲ့သော သမ္မတ ဖာဒီနန်မားကို့စ်က ဘေးကင်းမည့်နေရာများသို့ ရွှေ့ပြောင်းရန်အမိန့်များကို လိုက်နာကြရန် ဒေသခံများကို တိုက်တွန်းခဲ့သည်။

“ခင်ဗျားတို့ အိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေကို ချန်ထားပြီး တစ်ခြားကို ပြောင်းနေဖို့ဆိုတာခက်ခဲတယ်ဆိုတာကို ကျွန်တော်နားလည်ပါတယ်။ ဒါပေမဲ့ အသက်အန္တရာယ်ကင်းဖို့ကယ် ဆယ်ရေးစခန်းတွေဆီ ပြောင်းဖို့လိုပါတယ်” ဟု ၎င်းက မနီလာမြို့တော်တောင်ပိုင်းမင်ဒါ နာအိုကျွန်းဒေသခံများကို ပြောကြားခဲ့သည်။

“တိုင်ဖွန်းမုန်တိုင်းတွေ ဖိလစ်ပိုင်ကို မတိုက်အောင် မကာကွယ်နိုင်တဲ့အတွက် မုန်တိုင်းရဲ့ ထိခိုက်နိုင်ခြေတွေကို လျှော့ချဖို့စီမံချက်တွေကိုတော့ လုပ်နိုင်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့ကာ ရာသီဥတုဖောက်ပြန်ပြောင်း လဲမှုကြောင့်ပိုမိုဆိုးရွားလာသော မုန်တိုင်းဒဏ်ကိုခံနိုင်ရန် အခြေခံအဆောက်အအုံများပိုမိုကောင်းမွန်ရှိရေး တိုက်တွန်းခဲ့သည်။

ကာဂါရန်မြို့တွင် တာဝန်ရှိသူများက  ကမ်းရိုးတန်းများနှင့် ရေလျှံနေသောမြစ်ကမ်းပါးတစ်လျှောက်ရှိ ဒေသခံများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးနိုင်ရန် နိုဝင်ဘာ ၁၄ ရက်က မိုးရေထဲတွင် အားထုတ်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။

ကာဂါရန်အရပ်ဘက် ကာကွယ်ရေးအကြီးအကဲ ရူလီရက်ဆင်းက ဒေသခံအစိုးရအနေဖြင့် လူ ၄၀,၀၀၀ အတွက် ကယ်ဆယ်ရေးစခန်းများစီစဉ်ပေးနိုင်ရန် မျှော်မှန်းထားသည်ဟု ပြောကြားခဲ့သည်။   

Ref: AFP

 

Most Read

Most Recent