မော်ရင်ဟိုအား တူရကီမှထွက်သွားရန် မူဆလီယာ တောင်းဆို

မော်ရင်ဟိုအား တူရကီမှထွက်သွားရန် မူဆလီယာ တောင်းဆို
Photo: FB Media
Photo: FB Media
Published 14 November 2024

ဂါလာတာစာရေးဝါရင့်ဂိုးသမား မူဆလီယာက ဖီနာဘာချီနည်းပြ မော်ရင်ဟိုအား တူရကီလိဂ်မှထွက်သွားရန် တောင်းဆိုခဲ့သည်။

ကမ္ဘာကျော်နည်းပြ မော်ရင်ဟိုသည် ဖီနာဘာချီအသင်းကို နည်းပြအဖြစ်ကိုင်တွယ်ပြီးနောက် တူရကီဘောလုံးလောကကို စော်ကားခဲ့ပြီး တူရကီဒိုင်များမှာလည်း လာဘ်စားမှုများ ရှိနေကြောင်း လူသိရှင်ကြား ဝေဖန်ခဲ့သည်။

မော်ရင်ဟိုသည် အဆိုပါဝေဖန်မှုများအတွက် ဒဏ်ငွေနှင့် ပွဲကိုင်တွယ်ခွင့်ပိတ်ပင်ခံရမှုများ ရှိခဲ့သည်။

ယခုအခါ  ဂါလာတာစာရေးဝါရင့်ဂိုးသမား မူဆလီယာက ''တူရကီဘောလုံးလောကကို စော်ကားတာနဲ့ ဒိုင်လူကြီးတွေကို တိုက်ခိုက်တာက မြင်မကောင်း၊ ကြားမကောင်းပါဘူး။ ဒီမှာ ကျွန်တော်ကစားနေတာ (၁၄)နှစ်ရှိပါပြီ။ မော်ရင်ဟိုက လွန်ခဲ့တဲ့(၄) လကမှ ရောက်လာပြီး တူရကီဘောလုံးကို ဝေဖန်နေတယ်။ ဒါကို မကြိုက်ပါဘူး။ သူ့အနေနဲ့ ဒီက ထွက်သွားနိုင်ပါတယ်။ သူ့အနေနဲ့ ဝေဖန်တာထက် တိုးတက်အောင်လုပ်ဖို့ပဲ အာရုံစိုက်သင့်တာပါ''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent