ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပွဲစဉ်(၁၁)အပြီး၌ ဒုတိယနေရာမှပြိုင်ဘက်ကို (၅)မှတ်နှင့်အထက် ဖြတ်နိုင်သည့်အသင်းတိုင်း ရာသီကုန်တွင် ချန်ပီယံဆုရယူနိုင်ခဲ့

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပွဲစဉ်(၁၁)အပြီး၌ ဒုတိယနေရာမှပြိုင်ဘက်ကို (၅)မှတ်နှင့်အထက် ဖြတ်နိုင်သည့်အသင်းတိုင်း ရာသီကုန်တွင် ချန်ပီယံဆုရယူနိုင်ခဲ့
Photo: X
Photo: X
Published 11 November 2024

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပွဲစဉ်(၁၁)အပြီး၌ ဒုတိယနေရာမှပြိုင်ဘက်ကို (၅)မှတ်နှင့်အထက် ဖြတ်နိုင်သည့် အသင်းတိုင်း ရာသီကုန်တွင် ချန်ပီယံဆုရယူနိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ပရီးမီးယားလိဂ်(၃၂)ရာသီအတွင်း ယင်းကဲ့သို့ စွမ်းဆောင်နိုင်သည့်ရာသီ (၅)ရာသီရှိခဲ့ပြီး ၁၉၉၃-၉၄ ရာသီတွင် မန်ယူက ဒုတိယနေရာမှ ပြိုင်ဘက်ကို (၇)မှတ်၊ ၂၀၀၅-၀၆ ရာသီတွင် ချယ်လ်ဆီးက ဒုတိယနေရာမှ ပြိုင်ဘက်ကို (၆)မှတ်၊ ၂၀၁၁-၁၂ ရာသီတွင် မန်စီးတီးက ဒုတိယနေရာမှ ပြိုင်ဘက်ကို (၅)မှတ်၊ ၂၀၁၇-၁၈ ရာသီတွင် မန်စီးတီးက ဒုတိယနေရာမှ ပြိုင်ဘက်ကို (၈)မှတ်၊ ၂၀၁၉-၂၀ ရာသီတွင် လီဗာပူးလ်က ဒုတိယနေရာမှပြိုင်ဘက်ကို (၅)မှတ်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

လီဗာပူးလ်အသင်းသည် ယခုရာသီတွင် အသင်း၏သမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက်အဖြစ် ဒုတိယနေရာမှ ပြိုင်ဘက်ကို  ပွဲစဉ်(၁၁)အပြီး၌ (၅)မှတ်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ပြီး ရာသီကုန်၌ ချန်ပီယံဆုရယူနိုင်ခြင်းရှိ၊ မရှိကိုမူ စောင့်ကြည့်ရမည်ဖြစ်သည်။

ယခုကဲ့သို့ လက်ရှိချန်ပီယံ မန်စီးတီးကို (၅)မှတ်ဖြတ်နိုင်ခဲ့သည့်အတွက် လီဗာပူးလ်အသင်း၏ ချန်ပီယံဖြစ်ရန် ရေပန်းစားမှုနှုန်းထား မြင့်တက်လာခဲ့ကြောင်းလည်း သိရသည်။

Most Read

Most Recent