ဂျိုကယ်ရက်စ်နဲ့ အဆုံးမရှိမျှော်လင့်ခြင်းများ

ဂျိုကယ်ရက်စ်နဲ့ အဆုံးမရှိမျှော်လင့်ခြင်းများ
Photo : Getty Images
Photo : Getty Images
Published 7 November 2024
Phoe Thar

မန်စီးတီးအသင်းကို (၄-၁)ဂိုးနဲ့ ဂိုးပြတ်ချေမှုန်းခဲ့တဲ့ ၂၀၂၄-၂၅ ရာသီ ချန်ပီယံလိဂ် League Phase အဆင့်ပွဲစဉ်မှာ စပို့တင်းလစ္စဘွန်းအသင်းအတွက် ဟက်ထရစ် (၃ ဂိုး)သွင်းယူခဲ့တဲ့ဆွီဒင်တိုက်စစ်မှူးဂျိုကယ်ရက်စ်ကတော့ ဒီရာသီပြိုင်ပွဲ စုံ (၁၇)ပွဲကစားပြီးချိန်မှာပဲ သွင်းဂိုး (၂၃)ဂိုးအထိရှိလာခဲ့ပါတယ်။ ဒါဟာ ဥရောပထိပ်တန်းလိဂ်တွေထဲမှာ အများဆုံးသွင်းယူထားတဲ့ ပမာဏဖြစ်ပြီး အနီးဆုံးပြိုင်ဘက်ဖြစ်တဲ့ ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီး (၁၉ ဂိုး)ထက် (၄)ဂိုးပိုမိုအသာရထားတာပါ။ ဂျိုကယ်ရက်စ်ရဲ့ သွင်းဂိုးအရေအတွက်ဟာ အံ့အားသင့်စရာကောင်းတဲ့ပမာဏဖြစ်ပြီး ရာသီကာလ (၃)ပုံ၊ (၁)ပုံမပြည့်ခင်မှာပဲ စံချိန်တင် သွင်းဂိုးအရေအတွက်ဆီချီတက်ဖို့ အသင့်အနေအထားဖြစ်နေခဲ့ပါပြီ။ ဒါ့ပြင် မန်စီးတီးအသင်းကို ဟက်ထရစ်သွင်းယူခဲ့ပြီးနောက်မှာတော့ ဂျိုကယ်ရက်စ်ရဲ့ အောင်ပွဲအသံတွေကပိုမိုကျယ်လောင်လာခဲ့ပြီး ထိပ်တန်းတိုက်စစ်မှူးတွေဝယ်လိုအားများနေတဲ့ ဥရောပဘောလုံးဈေးကွက်ရဲ့ လူကြိုက်အများဆုံး ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။

 

Most Read

Most Recent