စပါး - အက်စတွန်ဗီလာ (တနင်္ဂနွေည ၈း၃၀ နာရီ)
စပါးက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ပဲလေ့စ်ကို ရှုံးသွားခဲ့တယ်။ ဒီပွဲမတိုင်ခင်ပွဲတွေမှာ ခြေစွမ်းတော်တော်လေးကောင်းခဲ့ပြီး ဘရိုက်တန်ကို ရှုံးခဲ့တဲ့ပွဲမှာတောင် တိုက်စစ်ပုံစံ ကောင်းကို ပြသနိုင်ခဲ့ပေမယ့် ပဲလေ့စ်ကို ရှုံးခဲ့တဲ့ပွဲက ခြေစွမ်းကတော့ တော်တော်လေး နိမ့်ပါတယ်။ အက်စတွန်ဗီလာက အကောင်းဆုံးပုံစံမဟုတ်ပေမယ့် ရှုံးပွဲတော့ တော်တော် လေးနည်းတယ်။ ဒီပွဲလည်း သရေကျသွားနိုင်တယ်။
မန်ယူ - ချယ်လ်ဆီး (တနင်္ဂနွေည ၁၁း၀၀ နာရီ)
မန်ယူနိုက်တက်ကတော့ အဲရစ်တန်ဟက်ဂ် အသင်းနည်းပြ ရာထူးက ထုတ်ပယ်ခံရပြီးနောက်ပိုင်းမှာ ပထမဆုံးပရီးမီး ယားလိဂ်ပွဲစဉ်ကို ကစားရမှာပါ။ လက်ထောက်နည်းပြ နစ္စတယ်ရွိုင်းက ယာယီတာဝန်ယူမယ့်ပွဲဖြစ်ပြီး အသင်းကို ပုံစံအပြောင်း အလဲတချို့နဲ့ မြင်ရနိုင်တယ်။ ချယ်လ်ဆီးအသင်းက မန်ယူနိုက်တက်ထက်စာရင်ခြေစွမ်းပိုတည်ငြိမ်ပြီး တိုက်စစ်ကစားပုံပိုပြီး ထက်မြက်ပါတယ်။ ကိုးလ်ပါမာက လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးစာရင်းဝင်ကစားသမားတစ်ဦးဖြစ်နေတာကို တွေ့ ရတယ်။ မန်ယူနိုက်တက်အတွက် ဖိအားတွေအလွန်မှာ အသစ်ပြန်စရမယ့် ပွဲဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာကတော့ အဆင်ပြေနေ လိမ့်မယ်။ ကစားပုံကလည်း တိုးတက်လာမယ် ခန့်မှန်းရတယ်။ အထိုင်ပိုကျနေတဲ့ ချယ်လ်ဆီးက လက်ရှိ အခြေအနေမှာအား သာတာတော့အမှန်ပဲ။ အရန်အင်အားလည်း ပိုကောင်းလို့ ချယ်လ်ဆီးကို ပိုကြိုက်တယ်။