■ ယနေ့ည ကစားမည့် ဥရောပထိပ်တန်းလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ယနေ့ည ကစားမည့် ဥရောပထိပ်တန်းလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 25 October 2024

■ ပရီးမီးယားလိဂ်ပွဲစဉ် (၉) ပွဲကြိုသုံးသပ်ချက်

လက်စတာ - နော်တင်ဟမ်ဖောရက်စ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၆ ရက် နံနက် ၁:၃၀ နာရီ)

လက်စတာက ပရီးမီးယားလိဂ်အဆင့် (၁၅) နေရာမှာ ရပ်တည်နေပြီး နောက်ဆုံး နှစ်ပွဲဆက်နိုင်နဲ့ အတူ အရှိန်ပြန်ရလာတယ်။ ဒါပေမဲ့ အခုအချိန်အထိ ခံစစ်ပိုင်းအားနည်းမှုတွေ ကျန်ရှိနေသေးတာကို တွေ့ရတယ်။ နော်တင်ဟမ်ဖောရက်စ်က လက်ရှိ ပရီးမီးယားလိဂ်ရဲ့ ခံစစ်ကစားပုံအကောင်းဆုံးအသင်းတွေထဲကတစ်သင်းဖြစ်ပြီး တန်ပြန်တိုက်စစ်လည်း အားကောင်းပါတယ်။ နော်တင်ဟမ်ပဲ ကြိုက်တယ်။ 



■  လာလီဂါပွဲစဉ် (၁၁) ပွဲကြိုသုံးသပ်ချက် 

အက်စ်ပန်ညို - ဆီဗီလာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၆ ရက် နံနက် ၁:၃၀ နာရီ)

အစဉ်အလာမှာ ဆီဗီလာ သာပေမဲ့ လက်ရှိအဝေးကွင်း ခြေစွမ်း စိတ်မချရတာက ဆီဗီလာရဲ့အားနည်းမှုလိုဖြစ်နေတယ်။ အက်စ်ပန်ညိုက အိမ်ကွင်းကစားပုံမဆိုးတဲ့အပြင် တိုက်စစ်ရဲရဲ ဖွင့်ကစားနေတဲ့ပုံကလည်း အလုပ်ဖြစ်နေလို့ ခံစစ်မငြိမ်သေးတဲ့ ဆီဗီလာကို ဖိအားကောင်းကောင်းပေးနိုင်ဖို့လည်း များနေတယ်။ အိမ်ရှင် အက်စ်ပန်ညိုကိုပဲ ရွေးထားချင်တယ်။ ဂိုးလည်း များသွားနိုင်တယ်။



■ စီးရီးအေပွဲစဉ် (၉)  ပွဲကြိုသုံးသပ်ချက် 

အူဒီးနီးစ် - ကာဂလီယာရီ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၅ ရက် ည ၁၁:၀၀ နာရီ)

အူဒီးနီးစ်က နောက်ဆုံး (၄)ပွဲမှာ (၃)ပွဲအထိ ရှုံးပွဲတွေ့ခဲ့ပေမဲ့ ပွဲကျပ်ကာလကို ဖြတ်သန်းခဲ့ရတာပါ။ ကာဂလီယာရီကလည်း ကစားပုံတိုးတက်လာတာ တွေ့ရတယ်။ အူဒီးနီးစ် ကပ်နိုင်ဖို့ များတယ်။

တိုရီနို - ကိုမို (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၆ ရက် နံနက် ၁:၁၅ နာရီ)

တိုရီနိုက တိုက်စစ်ကစားပုံမဆိုးပေမဲ့ ခံစစ်က ဂိုးတွေ တောက်လျှောက်ပေးနေရတယ်။ နည်းပြ ဖာဘရီဂတ်စ်ရဲ့ ကိုမိုကလည်း နောက်ဆုံး (၂)ပွဲဆက် နိုင်ပွဲပျောက်နေတယ်။ ဒါပေမဲ့ ဒီပွဲတော့ ကိုမို အမှတ်ရနိုင်ပါတယ်။



■ ဘွန်ဒစ်လီဂါပွဲစဉ် (၈)  ပွဲကြိုသုံးသပ်ချက် 

မိန့်ဇ် - မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၆ ရက် နံနက် ၁:၀၀ နာရီ)

မိန့်ဇ်အသင်းက ဒီရာသီ အိမ်ကွင်းအမှတ်ပေးပွဲ (၃)ပွဲစလုံး အရေးနိမ့်ထားခဲ့တယ်။ မိုချန်ကလည်း အဝေးကွင်းရလဒ် သိပ်မကောင်းပေမဲ့ အမှတ်ရနိုင်တယ်။



■ ပြင်သစ်လီဂူးပွဲစဉ် (၉) ပွဲကြိုသုံးသပ်ချက်

ရန်းစ် - လူအယ်ဗာ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၆ ရက် နံနက် ၁:၁၅ နာရီ)

လူအယ်ဗာက လီဂူးနောက်ဆုံး (၅)ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပြီး အဲဒီ (၅)ပွဲမှာ ဂိုးမသွင်းနိုင်တဲ့ပွဲက (၄)ပွဲအထိ ရှိခဲ့တယ်။ ရန်းစ်ကတော့ နောက်ဆုံး (၄)ပွဲဆက် နိုင်ပွဲပျောက်ထားပေမဲ့ ပြိုင်ဘက်ကောင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ရန်းစ်ကို ကြိုက်တယ်။

Most Read

Most Recent