အနာဂတ်ပွဲစဉ်များတွင် (၁၀) ယောက်ကျန်အသင်းနှင့် ဆက်လက်ကစားရန် မဖြစ်နိုင်ကြောင်းနှင့် အနီကတ်မထိရန်အရေးကြီးကြောင်း အာဆင်နယ်နည်းပြ အာတီတာ ပြောကြား

အနာဂတ်ပွဲစဉ်များတွင် (၁၀) ယောက်ကျန်အသင်းနှင့် ဆက်လက်ကစားရန် မဖြစ်နိုင်ကြောင်းနှင့် အနီကတ်မထိရန်အရေးကြီးကြောင်း အာဆင်နယ်နည်းပြ အာတီတာ ပြောကြား
Photo: The National
Photo: The National
Published 23 October 2024

 

အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ မီခေးလ်အာတီတာက မိမိတို့အသင်းအနေဖြင့် အနာဂတ်ပွဲစဉ်များတွင် (၁၀) ယောက်ကျန်အသင်းနှင့် ဆက်လက်ကစားရန် မဖြစ်နိုင်တော့ကြောင်းနှင့် အနီကတ်မထိရန်အရေးကြီးကြောင်း  ညည်းတွားပြောဆိုခဲ့သည်။

အာဆင်နယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၈)ပွဲအ ပြီးတွင် အနီကတ် (၃)ပွဲအထိရှိခဲ့ပြီး ယင်းပွဲစဉ် (၃)ပွဲတွင် ဘရိုက်တန်အသင်းနှင့် ၁-၁ ဂိုးသရေ၊ မန်စီးတီး အသင်းနှင့် ၂-၂ ဂိုး သရေကျခဲ့သလို ပရီးမီးယားလိဂ် ပွဲစဉ် (၈) တွင်လည်း ဘုန်းမောက်အသင်းကို ၀-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ 

ယင်းအတွက်ကြောင့် အာတီတာက "(၁၀)ယောက်ကျန်အသင်းနဲ့ ကစားရတယ်ဆိုတာ အမြဲတမ်းလိုလိုဖြစ်နေတယ်။ ပရီးမီးယားလိဂ်လိုအဆင့်အတန်းမျိုးမှာ မကြာခဏ တစ်ယောက် လျော့နဲ့ ကစားနေလို့ မဖြစ်နိုင်ပါဘူး။ အနီကတ်တွေနဲ့ပတ်သက်ပြီး အ ကြောင်းအရင်းမျိုးစုံ ဖြစ်နေပေမဲ့ သေချာတာကတော့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ကျွန်တော်တို့ ဒါကို ထပ်ဖြစ်လို့မရတော့ပါဘူး။ ဘာကြောင့် အနီကတ်တွေ ထိတာလဲဆိုတာက အရေးမကြီးဘဲ အနီကတ်မထိဖို့က ပိုအရေးကြီးနေပါပြီ"ဟု ပြောကြားခဲ့သည်။ 

အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်တွင် ၈ ပွဲကစား ၁၇ မှတ်ဖြင့် တတိယနေရာတွင် ရပ်တည်နေပြီး ဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်းနှင့် ၄ မှတ် ကွာဟလျက်ရှိသည်။