တောင်ကိုရီးယားက ရုရှားသံအမတ်ကိုဆင့်ခေါပြီး ရုရှားရှိ မြောက်ကိုရီးယားစစ်သားများကို ပြန်လည်ရုပ်သိမ်းရန် တောင်းဆို

တောင်ကိုရီးယားက ရုရှားသံအမတ်ကိုဆင့်ခေါပြီး ရုရှားရှိ မြောက်ကိုရီးယားစစ်သားများကို ပြန်လည်ရုပ်သိမ်းရန် တောင်းဆို
Published 21 October 2024

ရုရှား-မြောက်ကိုရီးယားပူးပေါင်းဆောင်ရွက်မှုသည် တောင်ကိုရီးယားကို တိုက်ရိုက်ဆန့်ကျင်ခြင်းမရှိကြောင်း ရုရှား ပြောကြား

ယူကရိန်းကို တိုက်ခိုက်နေသည့် ရုရှားကို အကူအညီပေးရန် မြောက်ကိုရီးယားက ရုရှားထံ စစ်သားများ စေလွှတ်နေသည့် အခြေအနေနှင့်ပတ်သက်ပြီး တောင်ကိုရီးယားက အောက်တိုဘာ ၂၁ ရက်တွင် ရုရှားသံအ မတ်ကို ဆင့်ခေါ်ခဲ့ပြီး ဝေဖန်ပြစ်တင်ခဲ့ကာ ထိုမြောက်ကိုရီးယား စစ်သားများကို ချက်ချင်းပြန်လည်ရုပ်သိမ်းရန် တိုက်တွန်းခဲ့သည်ဟု တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

မြောက်ကိုရီးယား အထူးတပ်ဖွဲ့ဝင် ၁၅၀၀ ခန့်သည် ရုရှားသို့ ရောက်ရှိနှင့်ပြီးဖြစ်ပြီး နောက်ထပ် မြောက်ကိုရီးယားစစ်သားများလည်း ရုရှားသို့ ထွက်ခွာရန်ပြင်ဆင်နေကြောင်း အောက်တိုဘာ ၁၈ ရက်တွင် တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲအတွင်း ရုရှားကို လက်နက်ခဲယမ်းများ ထောက်ပံ့ပေးနေကြောင်း တောင်ကိုရီးယားက ကာလကြာရှည်စွပ်စွဲခဲ့ပြီး ယခုကဲ့သို့ စစ်သားများ ဖြန့်ကြက်ချထားမှုနှင့်ပတ်သက်ပြီး တပ်လှန့်နှိုးဆော်ထားကြောင်း ဖော်ပြခဲ့သည်။

မကြာသေးမီက ရုရှားသို့ စစ်သားများ စေလွှတ်သည့် မြောက်ကိုရီးယား၏ လုပ်ဆောင်ချက်ကို တောင်ကိုရီးယားက အလွန်စိုးရိမ်ကြောင်းနှင့် ထိုမြောက်ကိုရီးယား စစ်သားများကို ချက်ချင်းရုပ်သိမ်းရန်နှင့် ထိုအခြေအနေနှင့် ဆက်စပ်သည့် ပူးပေါင်းဆောင်ရွက်မှုများကို ရပ်နားရန် တိုက်တွန်းကြောင်း တောင်ကိုရီးယား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကင်ဟောင်ကွမ်က တိိုက်တွန်းခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ယူကရိန်းစစ်ပွဲအတွင်း မြောက်ကိုရီးယားက ရုရှားကို လက်နက်များနှင့် စစ်သားများ ထောက်ပံ့ပေးနေမှုသည် တောင်ကိုရီးယားနိုင်ငံအတွက်သာမက နိုင်ငံတကာအသိုင်းအဝိုင်းအတွက် ကြီးမားသည့် လုံခြုံရေး ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း  ကင်က တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ရုရှားသံအမတ် ဂျော်ဂျီ ဇီနိုဗက်ကို ပြောကြားခဲ့သည်။

ထို့ပြင် ထိုလုပ်ဆောင်ချက်သည် ကုလသမဂ္ဂ ပဋိညာဉ်နှင့် လုံခြုံရေးကောင်စီ၏ ပြ ဋ္ဌာန်းချက်များးကို ချိုးဖောက်ခြင်းဖြစ်ကြောင်းလည်း ကင်က ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၈ ရက်က တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့ (NIS) သည် ဂြိုဟ်တုဓာတ်ပုံများကို ထုတ်ပြန်ခဲ့ပြီး မြောက်ကိုရီးယား လက်ရွေးစင်တပ်ဖွဲ့များသည် ရုရှားစစ်ကားများဖြင့် ဗလာဒီဗော့စတော့မြို့သို့ သွားရောက်နေကြောင်း ပြောကြားခဲ့သည်။

အောက်တိုဘာ ၈ ရက်နှင့် ၁၃ ရက်အကြား မြောက်ကိုရီးယားသည် အထူးတပ်ဖွဲ့ဝင်များကို ရုရှားရေတပ်၏ သယ်ယူပို့ဆောင်ရေး သင်္ဘောဖြင့် ရုရှားသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီက ပြောကြားခဲ့ပြီး ယူကရိန်းစစ်ပွဲအတွင်း မြောက်ကိုရီးယားစစ်တပ် စတင်ပါ ဝင်လာပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ပထမအသုတ် မြောက်ကိုရီးယားစစ်သားများကို မြောက်ကိုရီးယား၏ မုန်တိုင်းတပ်ဖွဲ့ဟု လူသိများသည့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ လက်အောက်ရှိ စစ်သားများကို ပေးပို့ခဲ့ခြင်းဖြစ်ပြီး ထိုစစ်သားများသည် ရုရှားအရှေ့ဖျားရှိ စစ်စခန်းများတွင် တပ်စွဲထားကြောင်း တောင်ကိုရီးယား မီဒီယာများက ဖော်ပြခဲ့သည်။

ရုရှားသံအမတ် ဇီနိုဗက်ကမူ ရုရှားနှင့် မြောက်ကိုရီးယားအကြား ပူးပေါင်းဆောင်ရွက်မှုသည် တောင်ကိုရီးယား၏ အကျိုးစီးပွားကို တိုက်ရိုက်ဆန့်ကျင်ခြင်းမရှိကြောင်း တုံ့ပြန်ခဲ့ဟု ရုရှားသံရုံးက ထုတ်ပြန်ခဲ့သည်။

Ref:AFP

                                              

Most Read

Most Recent