ဆာလီဘာ၏အနီကတ်အတွက် အယူခံဝင်မည်မဟုတ်ဟု အာတီတာ အတည်ပြု

ဆာလီဘာ၏အနီကတ်အတွက် အယူခံဝင်မည်မဟုတ်ဟု အာတီတာ အတည်ပြု
Photo: Yahoo
Photo: Yahoo
Published 21 October 2024

အာဆင်နယ်နည်းပြ အာတီတာက ဘုန်းမောက်နှင့်ပွဲတွင် အနီကတ်ပြသခံခဲ့ရသည့် နောက်ခံလူ ဆာလီဘာ၏ အနီကတ်ပြစ်ဒဏ်အတွက် အယူခံဝင်မည်မဟုတ်ဟု အတည်ပြုပြောကြားခဲ့သည်။

ဆာလီဘာသည် အဆိုပါအနီကတ်ပြစ်ဒဏ်ကြောင့် လာမည့်ရက်သတ္တပတ်တွင် ယှဉ်ပြိုင်ရမည့် လီဗာပူးလ်နှင့်ပွဲကို လွဲချော်မည်ဖြစ်သည်။

ဆာလီဘာသည် ကစားသမားဘဝတစ်လျှောက် ပထမဆုံးအနီကတ် ပြသခံရခြင်းဖြစ်ပြီး ပြိုင်ဘက်အသင်း၏ ဂိုးရရှိနိုင်သည့်အခွင့်အရေးကို တားဆီးခဲ့ခြင်းကြောင့် ပြသခံရသည့်အနီကတ်ဖြစ်သည့်အတွက် နှစ်ဝါတစ်နီ ပြစ်ဒဏ်နည်းတူ တစ်ပွဲပယ်ပြစ်ဒဏ်သာ ကျခံသွားရမည်ဖြစ်ကြောင်း သိရသည်။ 

အာတီတာက ''ဆုံးဖြတ်ချက်က ချပြီးသွားပြီဖြစ်တာကြောင့် အယူခံမဝင်တော့ပါဘူး'' ဟု အာတီတာက ပြောကြားခဲ့သည်။

ဆာလီဘာသည် အာဆင်နယ်ကစားသမားဘဝ (၉၃)ပွဲမြောက်တွင် ပထမဆုံးအနီကတ် ပြသခံခဲ့ရခြင်းဖြစ်သလို၊ ထိပ်သီးလိဂ်များတွင် ယှဉ်ပြိုင်ကစားမှု (၁၅၇)ပွဲမြောက်တွင် ပထမဆုံးအနီကတ်ပြသခံခဲ့ရခြင်းဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent