ကာတာလက်ရွေးစင်အသင်းကို ကိုင်တွယ်ရန် ဇာဗီ ဆွေးနွေးနေ

ကာတာလက်ရွေးစင်အသင်းကို ကိုင်တွယ်ရန် ဇာဗီ ဆွေးနွေးနေ
Photo: X
Photo: X
Published 21 October 2024

ဘာစီလိုနာအသင်း၏ နည်းပြဟောင်း ဇာဗီသည် ကာတာလက်ရွေးစင်အသင်းကို ကိုင်တွယ်ရန် ဆွေးနွေးနေကြောင်း သိရသည်။

ဇာဗီ(၄၄ နှစ်)သည် နည်းပြဘဝကို ကာတာကလပ် အယ်လ်ဆတ်ဒ်အသင်းတွင် အစပြုခဲ့သူဖြစ်ပြီး (၂)နှစ်ခွဲကာလအတွင်း၌ ဆုဖလား(၇)လုံး ရယူပေးနိုင်ခဲ့သူဖြစ်သည်။

ဇာဗီသည် ဘာစီလိုနာအသင်းကို ၂၀၂၂-၂၃ ရာသီတွင် လာလီဂါချန်ပီယံဆု ရယူပေးနိုင်ခဲ့သော်လည်း ပြီးခဲ့သည့်နွေရာသီ၌ လမ်းခွဲခဲ့ရပြီးနောက် ယခုအခါ နည်းပြလောကသို့ ပြန်လည်ဝင်ရောက်ရန် နီးစပ်နေပြီဖြစ်ကြောင်း စပိန်မီဒီယာ Sport က ဖော်ပြခဲ့သည်။

လက်ရှိအချိန်၌ ဇာဗီသည် ကာတာနိုင်ငံ၊ ဒိုဟာမြို့သို့ ရောက်ရှိနေပြီး ကာတာလက်ရွေးစင်အသင်းကို ကိုင်တွယ်ရန်အတွက် ကာတာဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများနှင့် ဆွေးနွေးနေကြောင်းလည်း Sport က ဖော်ပြခဲ့သည်။

ကာတာဘောလုံးအဖွဲ့ချုပ်က လက်ရှိနည်းပြ တင်တင်မားကွက်ဇ်နေရာ၌ ဇာဗီကို အစားထိုးခန့်အပ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent