ပရီးမီးယားလိဂ်၊ စီးရီးအေနှင့် လာလီဂါ ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်၊ စီးရီးအေနှင့် လာလီဂါ ပွဲကြိုသုံးသပ်ချက်
Photo: Premier League
Photo: Premier League
Published 21 October 2024

နော်တင်ဟမ်ဖောရက်စ် နှင့် ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)

အိုလီဗာဂလက်စနာက ပြီးခဲ့တဲ့ရာသီမှာ ပဲလေ့စ်ကို အမြင့်ပျံစေခဲ့ပေမယ့် ဒီရာသီမှာတော့ အခြေအနေတော်တော်ဆိုးနေတယ်။ ဒီရာသီနိုင်ပွဲတောင် မရသေးဘူး။ နူနိုဆန်တိုရဲ့ ဖောရက်စ်က ၇ ပွဲမှာ ၂ ပွဲနိုင်၊ ၄ ပွဲသရေကစားထားတယ်။ ၁ ပွဲပဲ ရှုံးတယ်။ ခံစစ်ပိုင်း အရမ်းတောင့်တင်းတယ်။ တိုက်စစ်က အားကောင်းတယ်။ အိမ်ကွင်းမှာ ပဲလေ့စ်ကို အနိုင်ကစားဦးမှာပါ။ 

ဗီရိုနာ နှင့် မွန်ဇာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)

မွန်ဇာက အခုရာသီစီးရီးအေပြိုင်ပွဲမှာ နိုင်ပွဲပျောက်ဆုံးနေတဲ့ အသင်းဖြစ်ပေမဲ့ ထိပ်သီးတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဗီရိုနာက နောက်ဆုံးပွဲမှာ နိုင်ပွဲပြန်တွေ့ခဲ့ပေမဲ့ တည်ငြိမ်မှုနည်းပါးပါတယ်။ မွန်ဇာကို ရွေးချယ်ချင်တယ်။

ဗလင်စီယာ နှင့် လက်စ်ပါမားစ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)

နှစ်သင်းစလုံးဒီရာသီမှာ ခြေစွမ်းပိုင်းအတက်အကျများနေတယ်။ ဗလင်စီယာက တန်းဆင်းဇုန်ထဲရောက်နေသလို လက်စ်ပါမားစ်ကလည်း နိုင်ပွဲတောင်မရသေးဘဲ ဇယားအောက်ဆုံး ရောက်နေတဲ့အသင်းပါ။ ဒီလိုပွဲမျိုးမှာတော့ အိမ်ရှင်အခွင့်အရေးရှိပြီး အစဉ်အလာလည်းသာတဲ့ ဗလင်စီယာပဲရွေးထားမယ်။

Most Read

Most Recent