လီဗာပူးလ်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်နှင့် နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်တို့ကိုလည်း ဘာစီလိုနာအသင်း ပစ်မှတ်ထားနေ

လီဗာပူးလ်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်နှင့် နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်တို့ကိုလည်း ဘာစီလိုနာအသင်း ပစ်မှတ်ထားနေ
Photos: Getty Images
Photos: Getty Images
Published 20 October 2024

 

ဘာစီလိုနာအသင်းသည် လာမည့် ၂၀၂၅ နွေရာသီတွင် မန်စီးတီးတိုက်စစ်မှူး ဟာလန်းကို ခေါ်ယူရန်ပြင်ဆင်နေပြီး ၎င်းကိုမခေါ် နိုင်ပါက လီဗာပူးလ်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်နှင့် နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်တို့ထဲမှ တစ်ဦးဦးကို အစားထိုးခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရှိရသည်။ 

ဘာစီလိုနာအသင်းသည် အသင်းဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီး(၃၆ နှစ်)၏ နေရာတွင် အစားထိုးရန်အတွက် လာမည့်နွေတွင် နာမည်ကြီးတိုက်စစ်မှူးတစ်ဦးဖြစ်သည့် ဟာလန်းကို ခေါ်ယူလိုနေခြင်းဖြစ်သည်။ 

သို့သော် ဟာလန်း အနေဖြင့် မန်စီးတီးအသင်းတွင် အဆင်ပြေနေသည့်အတွက် ခေါ်ယူရန်ခက်ခဲနိုင်သဖြင့် ဒါဝင်နူးနက်ဇ်နှင့် အီဆက်ခ်တို့ကိုပါ ပစ်မှတ်ထားနေခြင်း ဖြစ်သည်။ 

အီဆက်ခ်သည် နယူးကာဆယ်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးနေပြီး ဒါဝင်နူးနက်ဇ်မှာမူ လီဗာပူးလ်အသင်းတွင် နေရာရရန် ရုန်းကန်နေရသည်။ ထို့ကြောင့် ဘာစီလိုနာအသင်းအနေဖြင့် အီဆက်ခ်ထက် ဒါဝင်နူးနက်ဇ်ကို ကြိုးပမ်းခြင်းက ပိုလွယ်မည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

Most Read

Most Recent