လူ ၅၀၀ ကျော် သေဆုံး၊ ပျောက်ဆုံးခဲ့သည့် ရေကြီးရေလျှံဒေသတွေ ပုံမှန်အခြေအနေ ပြန်ရောက်ပြီလား

လူ ၅၀၀ ကျော် သေဆုံး၊ ပျောက်ဆုံးခဲ့သည့် ရေကြီးရေလျှံဒေသတွေ ပုံမှန်အခြေအနေ ပြန်ရောက်ပြီလား
Published 20 October 2024
ဇော်မင်းနိုင်

ကလောမြို့၊  လွန်းထိုးကျေးရွာအုပ်စုရှိ သဖန်းရိပ်ရွာ၌ စက်တင်ဘာ ၁၄ ရက်မှ စတင်ကာ မိုးရွာသွန်းပြီး ရေကြီးရေလျှံမှု၊ မြေပြိုမှုများဖြစ်ပွားခဲ့ပြီးနောက် နေအိမ်များ၊ လမ်းများတွင် ရွှံ့နွံများ တင်ကျန်ရစ်နေသည်ကို အောက်တိုဘာ ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - သီဟအောင်)

စက်တင်ဘာလက တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်းရာဂီ၏ သက်ရောက်မှုကြောင့် စံချိန်တင် မိုးရွာသွန်းမှုများဖြစ်ပေါ်ကာ မြန်မာနိုင်ငံအလယ်ပိုင်းတွင် နှစ်ပေါင်း ၈၀ ကျော်အတွင်း ရေကြီးရေလျှံမှုကို မကြုံစဖူး ခံစားခဲ့ရသည်။

ထို့ပြင် မြန်မာနိုင်ငံအလယ်ပိုင်းသာမက ရှမ်းပြည်နယ် ကလော၊ အင်းလေး အစရှိသည့် ဒေသများတွင် ရေကြီးရေလျှံမှုကြောင့် အိုး အိမ်များ ပျက်စီးကာ လူသေဆုံးမှုများ ရှိခဲ့ သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ တိုင်းဒေသကြီးနှင့် ပြည် နယ် ကိုးခုတွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ ကြောင်း၊ အိမ်ထောင်စု ရှစ်သောင်းကျော်၊ လူဦးရေ တစ်သန်းနီးပါး ရေဘေးအန္တရာယ် တွေ့ကြုံခံစားခဲ့ရပြီးသေဆုံး/ပျောက်ဆုံးသူ ၅၂၀ ဦးရှိခဲ့ကြောင်း၊ တိရစ္ဆာန်ပေါင်း တစ် သိန်း ရှစ်သောင်းကျော် သေဆုံးခဲ့ပြီး စပါးနှင့် သီးနှံစိုက်ဧက ခုနစ်သိန်းကျော် ထိခိုက်သကဲ့ သို့ လမ်းတံတား၊ စာသင်ကျောင်း၊ လျှပ်စစ် နှင့်ဆက်သွယ်ရေးအစရှိသည့် ကဏ္ဍပေါင်း စုံတွင်လည်း ထိခိုက်ဆုံးရှုံးခဲ့ရသည်။

          “အဲဒီညတုန်းက အဖြစ်အပျက်ကိုတော့ ပြန်မတွေးချင်တော့ဘူး။ ဘဝမှာ တစ်ခါမှ မကြုံဖူးဘူး”ဟု ရမည်းသင်းမြို့နယ် သပြေပင် ကျေးရွာတွင် နေထိုင်သည့် ကိုအောင်စိုးက ပြောကြားသည်။

          မိုးထိမိုးမိရွှေလုပ်ကွက်များရှိသည့် သ ပြေပင်ကျေးရွာမှာ ရွှေလုပ်ငန်းကြောင့် ငွေ ကြေးတတ်နိုင်သူ အများစုနေထိုင်ခဲ့ကြပြီး စက်တင်ဘာ ၁၂ ရက် ညပိုင်းတွင် မိသားစု များ တကွဲတပြားဖြစ်ကာ သေဆုံးမှု၊ ပျောက် ဆုံးမှုများ ကြုံတွေ့ခဲ့ရသည်။

          “သပြေပင်မှာ လူထောင်နဲ့ချီ ရှိလောက် တယ်။ ရွှေတောလုပ်ကွက် တစ်ပိုင်တစ်နိုင် လုပ်ကွက်လည်းရှိတော့ နေတဲ့သူများတယ်။ တော်တော်လည်း စည်စည်ကားကားကို ဖြစ် နေတာ။ ရွာကလည်း ရွှေလုပ်ကွက်နဲ့ဆိုတော့ နေနိုင်စားနိုင်တဲ့သူများတယ်။ အဆင်ပြေကြ တယ်”ဟု သပြေပင်ကျေးရွာနေ ကိုအောင်စိုး က ပြောကြားသည်။

          လူလေးဦးရှိသည့် ကိုအောင်စိုးတို့ မိသားစုမှာလည်း အခြားမိသားစုများနည်းတူ ဘေးလွတ်ရာသို့ ပြေးခဲ့ရပြီး ရေဘေးကြောင့် ကွယ်လွန်သူ မရှိခဲ့ပေ။

          “ ရေက တောင်ပေါ်ကနေ ဒလဟောကျ လာတာ။ လူအိပ်ချိန်ဖြစ်နေတော့ တော်တော် လေးကို လွတ်အောင်ပြေးလိုက်ရတယ်”ဟု ကိုအောင်စိုးက ယင်းနေ့ညအဖြစ်အပျက်ကို ပြန်လည်ပြောကြားသည်။

          တောင်‌ခြေရှိ ကျေးရွာများမှာ တောင် ပေါ်၌  ရေနှင့်အတူပါလာသည့် ရွှံ့၊ သဲများ ဖုံးလွှမ်းခဲ့ပြီး လက်ရှိတွင်လည်း တောင်ပေါ်သို့ တက်ရောက်နိုင်သည့် လမ်းများပျက်စီးခဲ့ သဖြင့် ဖြစ်စဉ်အစပိုင်းတွင်သွားရောက်ရန် မလွယ်ကူခဲ့ပေ။

          လက်ရှိတွင် တောင်ပေါ်သို့ အခြားနေ ရာများမှ သွားရောက်နိုင်ပြီဖြစ်သော်လည်း မူလအခြေအနေသို့ ပြန်လည်မရောက်ရှိသေး ပေ။

          “အကုန်လုံး လုပ်ငန်းတွေလည်း ဆုံးရှုံး၊ မိသားစုတွေလည်း ဆုံးရှုံးတော့ နဂိုပုံမှန်ကို ပြန်ရောက်ဖို့က မလွယ်တော့ဘူး”ဟု ကို အောင်စိုးက သူ၏ အမြင်ကို ပြောကြားသည်။

          အလားတူ တောင်ပေါ်မြို့တစ်ခုဖြစ် သည့်ကလောမြို့တွင်လည်း နှစ်ပေါင်း ၂၀ ကျော်အတွင်း မကြုံစဖူးရေကြီးခဲ့ပြီး လူသေ ဆုံးမှုများလည်း ရှိခဲ့သည်ဟု ဒေသခံများက ပြောကြားသည်။

          “အသေအပျောက်တွေရှိရတဲ့ အ ကြောင်းရင်းက လူကြီးသူမတွေက နှစ်တိုင်း တက်နေကျပါအေဆိုပြီး ရွှေ့ခိုင်းမရလို့များ တယ်။ ရေတက်အရမ်းမြန်တာမို့ ဘာမှလုပ် ချိန်မရဘူး”ဟု ကလောဒေသခံတစ်ဦးက ပြောကြားသည်။

          သေဆုံးမှုများတွင် မိသားစုလိုက်ရေစီး နှင့် မျောပါသေဆုံးခဲ့သည်ဟု သိရသည်။

          “ မိသားစုလိုက် ဖြစ်တာများတယ်။ ရပ် ကွက် (၃) က အများဆုံးပဲ။ အိမ်လိုက် ကျွတ်ပါ သွားတာပေါ့။ အဖေတစ်ယောက်ပဲ ကျန် တယ်။ အမေနဲ့ သားတစ်ယောက်ဆုံးသွား တာရှိတယ်”ဟု ကလောမြို့ခံ လူမှုကူညီရေး လုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။

          ကလောမြို့တွင် ထိခိုက်မှုအများဆုံး ခံစားခဲ့ရသည့်နေရာများမှာ ရပ်ကွက် ၂၊ ၃၊ ၄ တို့ဖြစ်ကြောင်း သိရသည်။

          “အခုကတော့ မြို့ကို သန့်ရှင်းရေးပြန် လုပ်နေကြပြီ။ တော်တော်များများတော့ ပြီး သွားပြီ။ တချို့ကျန်တဲ့နေရာတွေလည်းရှိ တယ်။ အဓိကက ရေစီးနဲ့ပါလာတဲ့ ရွှံ့နွံတွေ ကြောင့် အိမ်တွေတော်တော်ပျက်စီးကုန် တယ်။ တချို့က တောင်စောင်းမှာဆောက် ထားတဲ့အိမ်တွေဆို အလုံးလိုက်ကျွတ်ပါသွား တယ်” ဟု ကလောမြို့ခံတစ်ဦးက ပြောကြား သည်။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရေကြီးရေလျှံမှုကြောင့် လူသေဆုံးခဲ့သည့် မိ သားစုဝင်များအတွက် တစ်ဦးလျှင် ကျပ် ၁၀ သိန်းနှုန်းဖြင့် ထောက်ပံ့လျက်ရှိသည်ဟု နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။

          အသက်ဆုံးရှုံးရသူများအတွက် ဦးစား ပေ းအဖြစ် ကျန်ရစ်သူမိသားစုများသို့လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနက ပုံမှန်ထောက်ပံ့ပေး နေမှုအပြင် အမျိုးသားသဘာဝဘေးစီမံခန့် ခွဲမှုရန်ပုံငွေနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး /ပြည်နယ်ရန်ပုံငွေများကပါ ထပ်ဆောင်း လျက်ပျမ်းမျှတစ်ဦးလျှင် ၁၀ သိန်း ထောက်ပံ့ခဲ့ ပြီးဖြစ်သကဲ့သို့ အိုးအိမ်ပျက်စီးမှုများ အတွက် လည်း ပျက်စီးမှုပမာဏအပေါ်မူတည်ပြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးရန်ပုံငွေ မှ ထောက်ပံ့နိုင်ရေး စီစဉ်ပြီးဖြစ်၍ လက်ဝယ် အရောက် ပေးအပ်တော့မည်ဖြစ်ကြောင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအ တွက်လည်း သင့်လျော်သည့် ထောက်ပံ့မှုနှင့် အတိုးမဲ့ချေးငွေများ၊ သက်သာသော အတိုး နှုန်းနှင့် ချေးငွေများ စီမံဆောင်ရွက်ပေးခြင်း တို့ကိုလည်း လျာထားစီမံခြင်းနှင့် သဘာဝ ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ခွဲဝေပေးခြင်းများ တစ်ပြိုင်နက်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ လမ်း၊ တံတားများကို လည်း လမ်းပန်းဆက်သွယ်မှု အမြန်ဆုံးရရှိ အောင် လမ်းညွှန်ချက်ချမှတ်ပြီး ကွင်းဆင်း ကြည့်ရှု ဆောင်ရွက်ပေးလျက်ရှိကြောင်း ဒုတိယဥက္ကဋ္ဌက ဆက်လက်ပြောကြားသည်။

          ထို့ပြင် ရေဘေးကူညီရန် စေတနာရှင် ပုဂ္ဂိုလ်တစ်ဦးချင်း၊ အဖွဲ့အစည်းတစ်ခုချင်းနှင့် အသင်းအဖွဲ့အလိုက် စုစည်းခြင်းတို့ဖြင့် အ လှူငွေများ လှူဒါန်းလျက်ရှိရာ ယနေ့အထိ နိုင်ငံတော်အဆင့် သုံးကြိမ်ဖြစ်ပြီး အလှူငွေ ရရှိမှုအနေဖြင့် ကျပ် ၅၂ ဘီလျံကျော် ထည့် ဝင်လှူဒါန်းထားကြောင်း နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်များအရ သိရသည်။

          သို့သော် ပြင်ပမှ အကူအညီများပေးနေ သည့် UN ကဲ့သို့ အဖွဲ့အစည်းများတွင်မူ မြန် မာ့ရေဘေးအပါအဝင်  လူသားချင်းစာနာမှု ဆိုင်ရာ လိုအပ်ချက်များ နှင့် တုံ့ပြန်ရေးလုပ် ငန်းစီမံချက်အတွက် ရန်ပုံငွေမလောက်ငမှု များ ရှိနေသည်ဟု သိရသည်။

          ၂၀၂၄ ခုနှစ် ၁၀ လပိုင်းအတွင်း ဝင် ရောက်လာပြီဖြစ်သည့် မြန်မာနိုင်ငံ၏ ၂၀၂၄ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ နှင့် တုံ့ပြန်ရေးလုပ်ငန်းစီမံချက်သည် လိုအပ် သည့်ရန်ပုံငွေ၏ ၂၈ ဒသမ ၅ ရာခိုင်နှုန်းမျှသာ ရရှိထားကြောင်း၊ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများအတွက် ကျယ်ပြန့် လာသည့်လိုအပ်ချက်များကို အလုံးအရင်းဖြင့် အကူအညီပေးတုံ့ပြန်နိုင်ရန် ထပ်ဆောင်းရန် ပုံငွေများ အရေးပေါ်လိုအပ်နေကြောင်း ့ြဥဃံဗ က ထုတ်ပြန်ထားသည်။

          မြန်မာနိုင်ငံရှိအရပ်သားများသည် ကျယ် ပြန့်လာသည့်ပဋိပက္ခနှင့် ထိခိုက်သေကျေမှုရှိ ခဲ့သော ရေဘေးသင့်ခြင်းများအပါအဝင် များ ပြားလာသည့်အန္တရာယ်ကို ကြုံတွေ့နေရပြီး နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာသူဦးရေ ခန့်မှန်း ခြေ သုံးသန်းကျော်ရှိကြောင်း UNOCHA က ဆိုသည်။

          စက်တင်ဘာ ၉ ရက်မှစ၍ ရာဂီမုန်တိုင်း အဖျားခတ်ခြင်းနှင့် မုတ်သုံမိုးကြီးခြင်းများ ကြောင့် နိုင်ငံ၏မြို့နယ်ပေါင်း ၃၃၀ အနက်မှ မြို့နယ် ၇၀ ရှိ ပဋိပက္ခဒဏ်ကြောင့် နေရပ်စွန့် ခွာနေကြရသူအများအပြားအပါအဝင် ခန့်မှန်း ခြေ လူဦးရေတစ်သန်းခန့် ရေဘေးသင့်ခဲ့                  ရကြောင်း UNOCHA က ထုတ်ပြန်ထား သည်။

          ရေဘေးနှင့် ပဋိပက္ခဒဏ်ခံရသူများအား တုံ့ပြန်အကူအညီပေးနေသည့် လူသားချင်း စာနာမှုဆိုင်ရာ အဖွဲ့ အစည်းများသည် လမ်း ပန်းဆက်သွယ်ရေးမကောင်းခြင်း၊ အဖွဲ့အ စည်းအမျိုးမျိုး၏ သွားလာခွင့်တားဆီးကန့်သတ်ခံရခြင်း၊ ဘေးကင်းလုံခြုံမှုမရှိခြင်းနှင့် ရန်ပုံငွေနည်းပါးခြင်းများ အပါအဝင်  စိန်ခေါ် မှုများစွာ ရင်ဆိုင်နေရကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

          မြန်မာနိုင်ငံတွင် မြင့်တက်လာသော လက်နက်ကိုင်ပဋိပက္ခများ၊ မတည်ငြိမ်သော နိုင်ငံရေးနှင့်  စီးပွားရေးအခြေအနေများ၊ အ ကြမ်းဖက်မှုများကို နေ့စဉ်ကြုံတွေ့နေရသည့် ပြည်သူများ၊ ပဋိပက္ခနှင့် သဘာဝဘေးနှစ်မျိုး ကြောင့် နေရပ်စွန့်ခွာနေရမှုများ အစရှိသည့် အခြေအနေများကို တုံ့ပြန်နိုင်ရန် ကုလသမဂ္ဂ က ၂၀၂၄ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ်ငန်းစီမံ ချက်ကို မဟာဗျူဟာသုံးရပ်ချမှတ်၍ စတင် ဆောင်ရွက်နေကြောင်း သိရသည်။

          လက်ရှိတွင် ရေကြီးရေလျှံမှုများ ဆိုးဆိုး ရွားရွားဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံအလယ် ပိုင်းဒေသများတွင် လိုအပ်သည့်အကူအညီ များကို ထောက်ကူပေးနိုင်ရန် အရေးကြီး           သကဲ့သို့ ပြည်တွင်းစားနပ်ရိက္ခာအတွက် လည်း အရေးတကြီး လုပ်ဆောင်ရမည့်အခြေ အနေလည်းဖြစ်သည်။

          သို့သော် ရေဘေးသင့်ဒေသများတွင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် နှင့် အကူအညီများကို ရေဘေးသင့်ပြည်သူ များ၏ လက်ဝယ်အရောက်ရောက်ရှိရေးမှာ လည်း အရေးတကြီးလိုအပ်သည့်အရာလည်း ဖြစ်ပေသည်။

Most Read

Most Recent