ပရီးမီးယားလိဂ်ပွဲစဉ် (၈) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၈) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 20 October 2024

ဝုလ်ဗ် - မန်စီးတီး (တနင်္ဂနွေည ရး၃၀ နာရီ)

ဝုလ်ဗ်က ရမှတ်တစ်မှတ်ပဲ ရထားပြီး အမှတ်ပေးဇယားအောက်ဆုံးမှာ ရပ်တည်နေ တယ်။ အရမ်း ရုန်းကန်နေရတဲ့အသင်းဖြစ်ပြီး အထူးသဖြင့် ခံစစ်ပိုင်းကတော်တော်လေး အခြေအနေဆိုးနေတယ်။ ဒီရာသီမှာ စုစုပေါင်း ၂၁ ဂိုးအထိ ပေးထားရပြီး တစ်ပွဲပျမ်းမျှ ၃ ဂိုးနှုန်းဖြစ်နေတယ်။ မန်စီးတီးကို ဘယ်လိုနည်းနဲ့မှ ဒုက္ခပေးနိုင်စရာ အခြေအနေမှာ မရှိပါ ဘူး။ မန်စီးတီး သေချာပေါက် နိုင်မယ်။ 

လီဗာပူးလ် - ချယ်လ်ဆီး (တနင်္ဂနွေည ၁၀း၀၀ နာရီ)

ပရိသတ်တွေအတွက် အရမ်းမျှော်လင့်လို့ ကောင်းမယ့် ပွဲတစ်ပွဲဖြစ်တယ်။ လီဗာပူးလ်အသင်းက Excellent Form မှာ ရှိနေပြီး ပရီးမီးယားလိဂ် ၇ ပွဲအပြီးှမှာ ၁၈ မှတ်နဲ့ထိပ်ဆုံးမှာ ရပ်တည်နေတယ်။ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးခံစစ် ကြောင်းကို ပိုင်ဆိုင်ထားတယ်။ ပွဲစဉ် ၇ ပွဲပြီးချိန်မှာ ပေးဂိုး ၂ ဂိုးပဲ ရှိသေးတယ်။ ဒါပေမဲ့ ဒီပွဲအတွက် သူတို့အသင်းရဲ့ အဓိက Key Player တချို့ကိုတော့ ဒဏ်ရာကြောင့် ဆုံးရှုံးထားရတယ်။ ချယ်လ်ဆီးကတော့ တိုက်စစ်က စွမ်းဆောင်ရည်ကောင်းသ လောက်ခံစစ်က အမှားအယွင်းများလွန်းတဲ့အသင်းပါ။ လက်ရှိ အချိန်မှာ ၁၄ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရှိနေတာက မဆိုးဘူး လို့တော့ ပြောလို့ရတယ်။ နှစ်သင်းစလုံးက ဂိုးသွင်းခြေမြင့်ကြပြီး လီဗာပူးလ်ရဲ့ခံစစ်ပိုင်းအားသာမှုကသာ အဖြေဖြစ်သွားမယ် ထင်တယ်။ လီဗာပူးလ်ကို ကြိုက်တယ်။ 

 

Most Read

Most Recent