■ လီဗာပူးလ်နောက်ခံလူ အာနိုးလ်ကို အဓိကပစ်မှတ်ကစားသမားအဖြစ် ရီးယဲလ်မက်ဒရစ် ချိန်ရွယ်နေ

■ လီဗာပူးလ်နောက်ခံလူ အာနိုးလ်ကို အဓိကပစ်မှတ်ကစားသမားအဖြစ် ရီးယဲလ်မက်ဒရစ် ချိန်ရွယ်နေ
Photo: Getty Images
Photo: Getty Images
Published 18 October 2024

လာလီဂါထိပ်တန်းကလပ်အသင်းကြီးတစ်သင်းဖြစ်သည့် ရီးယဲလ်မက်ဒရစ်အသင်းသည် ပရီးမီးယားလိဂ်ကလပ် လီဗာပူးလ်အသင်း၏ အ င်္ဂလန်လက်ရွေးစင်နောက်ခံလူ အာနိုးလ်အား လာမည့်နွေရာသီ အဓိကပစ်မှတ်ကစားသမားအဖြစ် ချိန်ရွယ်လျက်ရှိကြောင်း သိရှိရသည်။

    

ရီးယဲလ်မက်ဒရစ်အသင်း၏ ညာနောက်ခံလူနေရာတွင် စပိန်လက်ရွေးစင်အသင်း၏ ၀ါရင့်နောက်ခံလူတစ်ဦးဖြစ်သည့် ဒန်နီကာဗာဟယ်လ် က ကစားလျက်ရှိနေပြီး လက်ရှိအချိန်တွင် ဒဏ်ရာပြဿနာကြောင့် ကာလရှည်အနားယူနေရသည်။ 

ရီးယဲလ်မက်ဒရစ်အသင်းသည် ဒန်နီကာဗာဟယ်လ်၏ နေရာအတွက် ရေရှည်အစားထိုးရန် ပစ်မှတ်ထားနေခြင်းဖြစ်ပြီး အာနိုးလ်က အဓိကပစ်မှတ်အဖြစ်ရှိနေခြင်းလည်းဖြစ်သည်။ 

ရီးယဲလ်မက်ဒရစ်အသင်းသည် ၎င်းတို့အသင်း၏ လူငယ်ကစားသမားဟောင်းတစ်ဦးဖြစ်သည့် ဟာကီမီကိုလည်း ပြန်လည်ခေါ်ယူရန် စောင့် ကြည့်နေသည်ဟု သတင်းများထွက်ပေါ်နေပြီး အာနိုးလ်ကမူ အဓိကပစ်မှတ်အဖြစ် ရှိနေခြင်းဖြစ်သည်။

    

အာနိုးလ်သည် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်း နောက်ဆုံးနှစ်သို့ ရောက်ရှိနေသည့် ကစားသမားတစ်ဦးဖြစ်သည့်အပြင် ရာသီကုန်တွင် အသင်းမှထွက်ခွာရန် စဉ်းစားနေပြီး အသင်းနှင့်သက်တမ်းတိုးရန်ကိစ္စမှာအဆင်မပြေဖြစ်နေကြောင်း သိရသည်။ 

Most Read

Most Recent