နိုက်ဂျီးရီးယားတွင် တိမ်းမှောက်နေသည့် စက်သုံးဆီတင်ယာဉ်မှယိုစိမ့်ကျလာသည့် ဓာတ်ဆီများကို ခပ်ယူနေချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၁၄၇ ဦး သေဆုံး

နိုက်ဂျီးရီးယားတွင် တိမ်းမှောက်နေသည့် စက်သုံးဆီတင်ယာဉ်မှယိုစိမ့်ကျလာသည့် ဓာတ်ဆီများကို ခပ်ယူနေချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၁၄၇ ဦး သေဆုံး
Published 17 October 2024

နိုက်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းတွင် တိမ်းမှောက်ခဲ့သည့် စက်သုံးဆီတင် ကားတစ်စီးထံမှ ယိုစီးကျလာသည့် စက်သုံးဆီများကို ဒေသခံများက ခပ်ယူနေချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လူ ၁၄၇ ဦးထက်မနည်း သေ ဆုံးခဲ့သည်ဟု အရာရှိများက အောက်တိုဘာ ၁၆ ရက်တွင် အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

မျိုးဆက်တစ်ဆက်အတွင်း အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်းကို ခံစားနေရသည့် နိုက်ဂျီးရီးယားနိုင်ငံ တွင် ဓာတ်ဆီသည် အလွန်အဖိုးတန်သည့် ကုန်ပစ္စည်းတစ်မျိုးဖြစ်နေချိန်တွင် အဆိုပါဝမ်းနည်းဖွယ် မတော်တဆမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၁၄ ရက်က ဂျီဂါ၀ါ ပြည်နယ် မီဂျီယာမြို့တွင် ဓာတ်ဆီတင်သည့် ကားသည် အခြားကားတစ်စီးကို ရှောင်တိမ်းချိန်တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ထိုသို့ ဓာတ်ဆီတင်ကား တိမ်းမှောက်ခဲ့ပြီးနောက် အနီးဝန်းကျင်တွင်နေထိုင်သည့် ဒေသခံများသည် ယို စိမ့်ကျလာသည့် ဓာတ်ဆီများကို ခပ်ယူနေချိန်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ထိုဖြစ်စဉ် ကြောင့် လူ ၁၄၇ ဦးသေဆုံးကြောင်း အမျိုးသား အရေးပေါ်ကိစ္စများဆိုင်ရာအေဂျင်စီ က အတည်ပြုထားပြီး သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်လာဖွယ်ရှိသည်ဟု ဆိုသည်။ ထို့ပြင် ထိုပေါက်ကွဲမှုကြောင့် လူပေါင်း ၁၄၀ ခန့်ဒဏ်ရာရရှိခဲ့သည်ဟု တာဝန် ရှိသူများက ပြောကြားခဲ့သည်။  

Ref: AFP

Most Read

Most Recent