ဘာစီလိုနာကို အနိုင်ယူနိုင်စွမ်းရှိကြောင်း ပတ်ဒရိုဆာ ဆို

ဘာစီလိုနာကို အနိုင်ယူနိုင်စွမ်းရှိကြောင်း ပတ်ဒရိုဆာ ဆို
Photo: X
Photo: X
Published 17 October 2024

ဆီဗီလာနောက်ခံကစားသမား ပတ်ဒရိုဆာက မိမိတို့အသင်းအနေဖြင့် ဘာစီလိုနာအသင်းကို အနိုင်ယူနိုင်စွမ်းရှိကြောင်း ပြောကြားခဲ့သည်။

ဆီဗီလာအသင်းသည် လာလီဂါပွဲစဉ် (၁၀) အဖြစ် အောက်တိုဘာလ (၂၀) ရက်တွင် ဘာစီလိုနာအသင်းကို အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ဆီဗီလာအသင်းသည် ယခုရာသီ လာလီဂါပွဲစဉ်(၉) အပြီးတွင် ရ မှတ် (၁၂) မှတ်ဖြင့် အဆင့်(၁၂)နေရာ ရောက်ရှိနေပြီး ဘာစီလိုနာမှာမူ (၂၄) မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ရပ်တည်နေသည်။

သို့သော် ပတ်ဒရိုဆာက မိမိတို့အသင်းအနေဖြင့် ဘာစီလိုနာကို အဝေးကွင်းတွင် အနိုင်ယူနိုင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက ''ဘာစီလိုနာနဲ့ပွဲတွေ အများကြီး ကစားဖူးပါတယ်။ ကျွန်တော်တို့အနေနဲ့ သူတို့ကို အနိုင်ယူနိုင်စွမ်းရှိပါတယ်။ ဘာစီလို်နာအသင်းဟာ အခုအချိန်မှာ အကောင်းဆုံးခြေစွမ်းပြနေပေမဲ့ ကျွန်တော်တို့အနေနဲ့ သူတို့ကို အနိုင်ကစားမှာပါ''ဟု ဆိုခဲ့သည်။ 

 

Most Read

Most Recent