■ တည်ကန်ဘောတွေအကြောင်း

■ တည်ကန်ဘောတွေအကြောင်း
Photo: Getty Images
Photo: Getty Images
Published 17 October 2024
AK

Sex for Life မဟုတ်တဲ့ Set for Life ပါ။ တည်ကန်ဘောကျွမ်းကျင်သူတွေရဲ့ခေတ်ဆိုပြီး ရိုးရိုးရှင်းရှင်း အဓိပ်ပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။ အောင်မြင်တဲ့ တည်ကန်ဘောတွေဟာ လေ့ကျင့်ရေးကွင်းမှာ ထပ်ခါတလဲလဲလေ့ကျင့်မှုရဲ့ အသီးအပွင့်ပါပဲ။ ဘရန့်ဖို့ဒ်အသင်း ဘောလုံးဒါရိုက်တာ ဖီးလ်ဂီလက်စ်က တည်ကန်ဘောဆိုတာ အသင်းငယ်လေးတွေရဲ့ လက်နက်သာမကဘဲ ထိပ်တန်းအသင်းတွေရဲ့ မဟာဗျူဟာဖြစ်လာပြီး ကစားပွဲတစ်ပွဲရဲ့အဓိက အစိတ်အပိုင်းပါလို့ ပြောတယ်။ တည်ကန်ဘောကျွမ်း ကျင်ပညာရှင်တွေရဲ့ အခန်းကဏ္ဍကလည်း ပိုပြီး ကြီးမားလာပြီ။ အာဆင်နယ်က နီကိုးလက်စ်ယိုဗာ၊ မန်ယူနိုက်တက်က အန်ဒရီယက်စ်ဂျော့ချ်ဆန်၊ ချယ်လ်ဆီးက ဘာနာဒိုကွီဗာ၊ ဝုလ်ဗ်က ဂျက်ခ်ဝီလ်ဆင်တို့ဟာ ပရီးမီးယားလိဂ်ရဲ့ တည်ကန်ဘောကျွမ်းကျင်ပညာရှင်တွေပါ။ အာဆင်နယ်ဆိုရင် နီကိုးလက်စ်ဂျိုဗာကြောင့် တည်ကန်ဘောဘုရင်ဖြစ်လာတယ်။

 

Most Read

Most Recent